Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 517
Hepatitis E viral infection ခေါ် အသည်းရောင်အသားဝါ E ပိုးအကြောင်း သိကောင်းစရာများ
ရေးသားသူ – Dr. Mie Mie Kyaw
အသည်းရောင်အသားဝါဖြစ်စေတဲ့ virusပိုးတွေ အများကြီးရှိတဲ့အထဲကမှ အဖြစ်အများဆုံး virusအုပ်စုအမျိုးအစားဖြစ်တဲ့ Viral Hepatitis A,B,C,D နှင့် E တို့အကြောင်းလေး ပြောပြသွားပါမယ် ။
သည်နေ့တော့ Hepatitis E virusလို့ခေါ်တဲ့ အသည်းရောင်အသားဝါ Eပိုးအကြောင်း ဆွေးနွေးသွားပါမယ် တစ်ခုသိထားရမှာက အသည်းရောင်အသားဝါ Eပိုးဟာ အသည်းရောင်အသားဝါ A ပိုးနည်းတူ ရောဂါကူးစက်ပုံ , ရောဂါလက္ခဏာပြပုံ , ကုသမှုတွေက တူပါတယ်။
Hepatitis E virus ခေါ် အသည်းရောင်အသားဝါ E ပိုး ဘယ်လိုကူးစက်သလဲ ?
Hapatitis E virus ခေါ် အသည်းရောင်အသားဝါ E ပိုးသည် အသည်းရောင်အသားဝါ Aပိုးနည်းတူ အူလမ်းကြောင်းကတဆင့်ကူးဆက်တဲ့ virusအမျိုးအစားဖြစ်တယ်။
ရောဂါပိုးရှိသူ၏ခန္ဓာကိုယ်မှထွက်သော တံတွေး အန်ဖတ် စသည့်အညစ်အကြေးများနှင့် မစင်ကပ်ညှိပါရှိသော မသန့်ရှင်းသည့်အစားအသောက်များကို စားသောက်မိခြင်းမှတဆင့် ကူးဆက်တတ်ပါတယ်။
ဘယ်ဒေသတွေမျာအဖြစ်များလဲ ?
အိန္ဒိယ နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး ယခုအခါ အာရှနဲ့ဥရောပနိုင်ငံတွေမှာလဲ အဖြစ်များလာပါတယ်။
ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?
အသည်းရောင်အသားဝါ E ပိုးဟာ များသောအားဖြင့် Asymptomatic ခေါ် ဘာရောဂါလက္ခဏာမှပြလေ့မရှိပါဘူး ။
အချို့သောသူတွေမှာ အသည်းရောင်အသားဝါAပိုးရရဲ့ရောဂါလက္ခဏာနည်းတူ Non-specific prodromal illnessလို့ခေါ်တဲ့ ဘယ်ရောဂါဖြစ်နေလဲတိတိကျကျမပြောနိုင်သော လက္ခဏာတွေဖြစ်တဲ့……
ခေါင်းကိုက်ခြင်း , မစားချင်မသောက်ချင်ဖြစ်ခြင်း , ပျို့အန်ခြင်း , ဝမ်းလျှောခြင်း , ဗိုက်အောင့်ခြင်း , ကိုယ်လက်မအီမသာဖြစ်ခြင်း , အရိုးအဆစ် ကြွက်သားတွေ နာခြင်း , ဆီးအရောင်ရင့်ခြင်း , ဝမ်းအရောင်ဖျော့ခြင်း အစရှိတဲ့ လက္ခာတွေကို အသားမဝါခင် ရက်အနည်းငယ်ကနေ ၂ပတ်အတွင်း ရှေ့ပြေးလက္ခဏာတွေအနေနဲ့တွေ့ရလေ့ရှိပါတယ် ။
လတ်တလောအသည်းရောင်အသားဝါ E ပိုးရှိကြောင်း ဘယ်လိုသိနိုင်မလဲ ?
လတ်တလောအသည်းရောင်အသားဝါ E ပိုး ရှိမရှိကို သွေးထဲမှာရှိတဲ့ အသည်းအရောင်အသားဝါAပိုးကိုတိုက်ထုတ်တဲ့ကိုယ်ခံအား ခေါ်Anti-HepatitisE virus Antibody ( Ig M)ကို စစ်ခြင်းအားဖြင့် သိနိုင်ပါတယ် … သည် IgMလေးက ရောဂါစဖြစ်ကတည်းကသွေးထဲမှာရှိနေခဲ့ပါတယ်။
ဘယ်လိုကုသမလဲ ?
အနားယူခြင်း , ရေများများသောက်ခြင်း , အရက်ရှောင်ခြင်း , အာဟာရပြည့်စွာ စားသောက်ခြင်း ပြုလုပ်ခြင်းအားဖြင့် ပျောက်ကင်းသွားလေ့ရှိပါတယ်။
နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်မလဲ ?
များသောအားဖြင့် ရောဂါလက္ခဏာတွေဟာ အချိန်တိုအတွင်းပျောက်ကင်းသွားလေ့ရှိပြီး နာတာရှည်အသည်းရောဂါဖြစ်ပွားခြင်း နည်းပါတယ်။
ဒါပေမဲ့ ကိုယ်ခံအားကျဆင်းတဲ့ရောဂါတွေမှာတော့ နာတာရှည်အသည်းရောဂါဖြစ်နိုင်ချေ များပါတယ်။
ဘယ်လိုလူတွေမှာ အသက်အန္တရာယ်စိုးရိမ်ရလဲ ?
အထူးသတိထားရမှာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အသည်းရောင်အသားဝါ Eပိုးကူးဆက်ခြင်းခံရလျှင် Fulminant hepatitis ခေါ် အသက်အန္တရာယ်ထိခိုက်စေနိုင်သော ရုတ်တရက်ပြင်းထန်အသည်းရောင်ခြင်းဖြစ်ပြီး သေနှုန်းအရမ်းများပါတယ် ။
ဘယ်လိုကာကွယ်မလဲ ?
အစားအစာများကို မစားသုံးမှီ မကိုင်တွယ်မှီ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးပါ အစားအစာများကို သေချာစွာ ကျက်အောင်ချက်ပြုတ်ပါ ။
ချက်ပြုတ်ပြီးသားအစားအစာများကိုလဲ ယင်မနားအောင် ဖုံးအုပ်ထားပါ အသား , ငါး , ပင်လယ်စာများအား အစိမ်းစားခြင်းမှ ရှောင်ကြဉ်ပါ။
ယင်လုံအိမ်သာ အသုံးပြုပါ အိမ်သာတက်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောပါ ။
ရောကိုကျိုချက်၍ သောက်ပါ။
အသည်းရောင်အသားဝါ E ပိုးဟာ အသည်းရောင်အသားဝါ Aပိုးကဲ့သို့ ကာကွယ်ဆေးတော့မရှိသေးပါဘူး။

နာမည် | Dr. Mie Mie Kyaw |
---|---|
Degrees | M.B.B.S (YGN) |
Biography | ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ် Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။ Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။ |
Topic |
|
Address | Parami General Hospital, Yangon |