Select Page

Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 473

IPL နဲ့ အသားရေ ကောင်းကျိုး

ရေးသားသူ – ဒေါက်တာရည်လဲ့ထွန်း (Beautify Clinic) / MBBS (UM1) / MSc Dermatology (Thailand)

IPL ဆိုတာ ဘာလဲ။
IPL ရဲ့ အရှည်ကောက် intense pulsed light therapy ဆိုတာ အလင်းလှိုင်းတန်းလေးတွေစုပေါင်းပြီး အသားရေမှာရှိတဲ့ အပြစ်နာဆာတွေကို သက်ဆိုင်တဲ့ အလင်းလှိုင်းအုပ်စုလေးတွေနဲ့ သက်သာအောင် ပြုလုပ်ပေးတဲ့ ကုထုံးဖြစ်ပါတယ်ရှင်။

IPL ကုသမှုက ဘာတွေ အတွက် ကောင်းလဲ။

  • မလိုအပ်တဲ့နေရာက အမွှေးမျှင်တွေဖယ်ရှားတာတို့
  • အသားရေ မညီညာတာတွေ၊
  • နေလောင်မှုကြောင့် အသားရေ ပျက်စီးတာတွေ၊
  • အရေးကြောင်းလေးတွေ၊
  • အသားရေကြမ်းတမ်းတာတွေ၊
  • သွေးကြောမျှင်လေးတွေပေါ်ပြီး မျက်နှာ နီရဲတာတွေ၊
  • အဆီပြန်တဲ့ အသားရေ၊ ဝက်ခြံ တို့ကို သက်သာစေပြီး
  • Collagen နဲ့ Elastin

တို့ကို ထွက်စေပါတယ်။

IPL ပစ်ပြီးရင် ဆောင်ရန် ရှောင်ရန် တွေကရော။
IPL ပစ်ပြီးရင် အရမ်းကြီး ယောင်ယမ်းတာမျိုး မရှိပေမဲ့ IPL ပစ်ပြီးရင် ၄၈ နာရီ ရေပူနဲ့ မျက်နှာသစ်တာတို့၊ ပြင်းထန်တဲ့ အားကစား လုပ်တာတို့ ရှောင်ပြီး ရပါတယ်။

နေပူထဲ သွားရင် SPF 30 အနည်းဆုံးပါတဲ့ နေရောင်ကာ ခရမ်ကို လိမ်းပေးခြင်းဟာ IPL ရဲ့ အာနိသင်ကို ပိုလို့ ကောင်းစေပါတယ်…

IPL ကို ဘယ်နှကြိမ်လောက် ပစ်သင့် လဲ။
IPL က တကြိမ်ပစ်ပြီးတာနဲ့ သိသာတဲ့ ရလာဒ်ကို မြင်တွေ့ နိုင်မှာဖြစ်သော်လည်း အသားရေ ပိုမိုလှပကောင်းမွန်စေဖို့ အချိန်ပိုင်းခြား တခု နဲ့ ၅-၆ကြိမ်လောက်ပစ်ရင် ပိုကောင်းပါတယ်..

နာကျင်မှု မရှိခြင်းရယ်၊ တကြိမ်ပစ်ပြီးတာနဲ့ ကြည်လင်တဲ့ အသားရေ ကို တွေ့ မြင်လို့ ရယ်၊ ပစ်ပြီးပြီးချင်း နီရဲနေတာမျိုး ရောင်ရမ်းခြင်း မရှိတာရယ်၊ ချက်ချင်းအလုပ်ပြန်လုပ်လို့ရတာရယ်၊ အချိန်အကြာကြီး ပေးစရာ မလိုခြင်း ( ရုံး ထမင်းစားချိန်တွေမှာ အချိန်ပေးပြီး လာလုပ်နိုင်ခြင်း) ၊ ပုံမှန် စျေးနှုန်း က သက်သာခြင်း တို့ကြောင့် IPL ကုထုံးကို အသားရေ ထိန်းသိမ်း ချင်သူတွေ ရွေးခြယ်လေ့ ရှိကြပါတယ်…

နာမည် ဒေါက်တာရည်လဲ့ထွန်း
Degrees
Biography
Topic
Address
my_MM