Select Page
mobile-yinthway

မြန်ကဲ ဒီဂျစ်တယ် ကျန်းမာရေးစောင့်ရှောက်မှု

မြန်ကဲဆိုသည် မှာ ဒီဂျစ်တယ် ကျန်းမာရေးစောင့်ရှောက်မှုကို ဖော်ဆောင်ပေးနေသော ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ မြန်ကဲ အထူးပြုပေးနေတဲ့ ဝန်ဆောင်မှုမှာ လေလှိုင်းပေါ်မှ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုဖြစ်ပြီးတော့၊ လူနာများဟာ မိမိနဲ့ သက်ဆိုင်ရာဆရာဝန်များနှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးပြုပြီးတော့ အချိန်နှင့်တပြေးညီ တိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ၂၄ နာရီ ၇ ရက်ပတ်လုံး၊ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှမဆို ဆေးရုံဆေးခန်းတွင် စောင့်ဆိုင်းစရာမလို၊ သွားလာရန်မလိုဘဲ ဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။ အချိန်ကုန်သက်သာခြင်း၊ သွားလာရသက်သာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ လူပင်ပန်းမှုသက်သာခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိခံစားနိုင်ပါတယ်။ မတူညီသော အထူးကုဘာသာရပ်ပေါင်း ၃၀ ကျော်မှ ဆရာဝန်ပေါင်း ၃၀၀ ကျော်တို့မှ မြန်ကဲ မှတဆင့် နေ့စဥ်ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

စိတ်ကြိုက်တိုင်ပင်ဆွေးနွေး အစီအစဥ်၏ တယ်လီနောစျေး အသုံးပြုသူများအတွက် ပရိုမိုးရှင်း

လူတိုင်းလက်လမ်းမှီသော စရိတ်တစ်ခုမျှနှင့် သင်နှင့်သင့်မိသားစု အနေဖြင့် ဝါရင့်ကျွမ်းကျင်ဆရာဝန်များနှင့် အကန့်အသတ်မဲ့ ကျန်းမာရေးတိုင်ပင်ဆွေးနွေးနိုင်ပါပြီ။ ဆရာဝန်ကြီးများမှ မိသားစုဆရာဝန်တစ်ဦးကဲ့သို့ သင်နှင့်သင့်မိသားစုကို ၂၄ နာရီ ၇ ရက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှာပါ။

Normal Package Price – 9,000 MMK for 1 month

Special Promotion for Telenor Zay Customers – 6,000 MMK for 1 month

Normal Package Price – 12,000 MMK for 3 months

Special Promotion for Telenor Zay Customers – 9,000 MMK for 3 months

လျော့စျေးဝန်ဆောင်မှုကို ခံစားရန်၊ ကုဒ် “MCZAY2021” အားဝယ်ယူသည့် အချိန်တွင် အသုံးပြုပါ။

မြန်ကဲ ဝန်ဆောင်မှုများနှင့် အထက်ပါအကျိုးခံစားခွင့်အကြောင်း အသေးစိတ်သိရှိရန်၊ 09 799115566, 09 798115566, , 09 798225566

ပိုမိုသိရှိရန် (MyanCare Facebook Page)

my_MM