Select Page

Warning: preg_replace(): Unknown modifier 't' in /home/customer/www/myancare.org/public_html/wp-content/plugins/contextual-related-posts/includes/class-crp-query.php on line 524

Nephrotic syndrome ခေါ် ကျောက်ကပ်ရောဂါ တစ်မျိုး အကြောင်း

ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး၂)

ကျောက်ကပ်ဟာ လူ့ခန္ဓာကိုယ် မှာရှိတဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ပစ်ပေးတဲ့ မရှိမဖြစ် အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အညစ်အကြေးစွန့်ထုတ်ရာမှာ ခန္ဓာကိုယ် အတွက်လို အပ်တဲ့ အရာတွေ မပါသွားအောင် စစ်ထုပ်ပေးတဲ့ glomeruli ဆိုတဲ့ ဇကာ ရှိပါတယ်။

Nephrotic syndrome ဆိုတာ အဲ့ glomeruli ဆိုတဲ့ ဇကာလေး ပျက်စီးသွားပြီး ကိုယ်ခန္ဓာထဲ က အသားဓာတ်တွေ ခန္ဓာကိုယ်ပြင်ပကို ထွက်သွားရမှာ ကိုယ်ခန္ဓာတွင်း အသားဓာတ် လျော့နည်းလာပြီး ဖောလာခြင်းကို Nephrotic syndrome လို့ခေါ်ပါတယ်။

Nephrotics syndrome ဟာ ခလေးတွေမှာ အဖြစ်များပါတယ်။ခလေး အသက် ၂နှစ် မှ ၆နှစ် အရွယ် အတွင်းမှာ အဖြသ်များလေ့ ရှိပါတယ်။ခလေးတွေမှာ Nephrotic syndrome ဖြစ်ရတဲ့ အကြောင်းရင်းသေချာ မရှိပါဘူး။

Nephrotic syndrome ဖြစ်စေသော အကြောင်းရင်းများမှာ-

  1. ဆီးချိုရောဂါရှိသူများ
  2. အရေပြားလေးဖက်နာ ရောဂါရှိသူများ
  3. တခြားကျောက်ကပ်ရောဂါရှိသူများ
  4. Steriod မပါတဲ့ အကိုက်အခဲ ပျောက်ဆေး လွန်ကျွံစွာသောက်သုံးသူများ
  5. HIV, အသည်းရောင်အသားဝါ ဘီပိုး ၊စီပိုး နှင့် ငှက်ဖျားရောဂါ ရှိသူများ တို့ကြောင့် ဖြစ်ပါတယ်။

Nephrotic Syndrome ရောဂါ လက္ခဏာများ မှာ-

  1. မျက်လုံးအောက်ဘက် ဖောခြင်း
  2. ခြေမျက်စိတဝှိက် နှင့် ခြေဖမိုး ဖောယောင်ခြင်း
  3. ဆီး အမြှုပ် ထခြင်း
  4. ကိုယ်ခန္ဓာဖောလာခြင်း
  5. မောပန်းလွယ်ခြင်း
  6. အစား အသောက်ပျက်ခြင်း တို့ဖြစ်ပါတယ်။

Nephrotic syndrome ၏ နောက်ဆက်တွဲဆိုးကျိုးများ
Nephrotics Syndrome ဖြစ်ရင် ကိုယ်ခန္ဓာ အတွင်း ကိုလက်စထရော ဓာတ် ပြီး သွေးကြောတွေထဲ ပုံလာပါက သွေးကြောပိတ်ခြင်း များ ဖြစ်လာနိုင်ပါတယ်။

အဖြစ်များသော ဆိုးကျိုးတွေကတော့

  1. သွေးအားနည်းခြင်း
  2. နှလုံးရောဂါ
  3. သွေးတိုးရောဂါ
  4. ကျောက်ကပ်ရုတ်တရက် ပျက်စီးခြင်း
  5. ကျောက်ကပ်ပျက်ခြင်း တို့ ဖြစ်ပါတယ်။

Nephrotic syndrome မှာ အစား အသောက် ဘယ်လို စားသောက်ရမလဲ။
Nephrotics syndrome ရောဂါခံစားနေသူဟာ အာဟာရ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီး စားသောက်နေထိုင်မှု ပုံစံပြောင်း လဲ ရပါမယ်။

အဓိကအားဖြင့်

  1. ပရိုတင်းပါဝင်တဲ့ အသား ၊ငါး အသီး အရှက်တွေကို ပမာဏ ကို လျော့ချပြီးစားပေးပါ။
  2. ဆားလျော့စားပါ။
  3. အဆီလျော့စားပါ။
  4. ရေလျော့သောက်ပါ။

Reference: www.mayoclinic.org / American kidney fund

 

နာမည် ဒေါက်တာ သဇင်ထက်(ဆေး- ၂)
Degrees M.B.,B.S (ygn)
Biography

အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။

ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

Topic
  • အထွေထွေကျန်းမာရေးပြဿနာများ
  • ကလေးကျန်းမာရေးဆိုင်ရာ
  • မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုစီမံကိန်း
  • သားဆက်ခြားခြင်းနှင့်ပတ်သက်သော အသိပညာများ
    • စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address Parami General Hospital, Yangon.
my_MM