(+95)979 811 5566 info@myancare.org
မူလစာမျက်နှာ 9 မိမိတို့၏ ဦးတည်ချက် နှင့် လုပ်ဆောင်ချက်များ

မိနစ်အနည်းငယ်အတွင်း အတွေ့အကြုံရှိ ကျွမ်းကျင်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပြီး လိုအပ်သောဆေးဝါးကို သင့်ထံအရောက် ရယူနိုင်သည်။

 

ဆရာဝန်တစ်ဦးနှင့် ယခုပဲ တိုင်ပင်ဆွေးနွေးလိုက်ပါ။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကုမ္ပဏီ အဖြစ် စတင်ထည်ထောင်ခဲ့သော MyanCare သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အွန်လိုင်းကျန်းမာရေးဝန်ဆောင်မှု(Telemedicine) ကုမ္ပဏီတစ်ခုဖြစ်ပြီး ဆေးရုံဆေးခန်းနှင့် အလှမ်းဝေးသည့် နေရာဒေသရှိ ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုများကို ချိတ်ဆက် ပြုလုပ်ပေးလျက်ရှိပါသည်။ ကုမ္ပဏီ၏ မျှော်မှန်းချက်သည် ပြည်သူအများ ကျန်းမာရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုများကို အဆင်ပြေ၊ လွယ်ကူစွာ အသုံးပြုနိုင်ပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် ဝန်ဆောင်မှုထောက်ပံ့နိုင်ရန် ဖြစ်သည်။ မြန်မာနိုင်ငံဆေးပညာလောကမှ အထင်ကရ ပါမောက္ခဆရာဝန်ကြီးများ၏ လမ်းညွှန်ချက်များအတိုင်း ကြိုးပမ်းဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

MyanCare ၏ အွန်လိုင်းကျန်းမာရေးဝန်ဆောင်မှု မိုဘိုင်းအက်ပလီကေးရှင်း ပလက်ဖောင်းပေါ်တွင် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားကျွမ်းကျင်သော ဆရာဝန်များရှိနေပြီဖြစ်ပြီး သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးများ အနေဖြင့် မိမိ၏သာသာစကားအလိုက် ပြောဆိုနိုင်သောဆရာဝန်များနှင့် ချိတ်ဆက်ဆွေးနွေးနိုင်မည် ဖြစ်ပါသည်။ အဆိုပါ မိုဘိုင်း app သည် အသုံးပြုသူများ (လူနာများ) မှ မိမိ ဆွေးနွေးလိုသည့် ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးနိုင်ရန် ရက်ချိန်းများ ရယူနိုင်ပြီးနောက် အဆိုပါဆရာဝန်များအား မိမိ၏လက်ကိုင်ဖုန်းပေါ်မှတဆင့် အသံဖြင့်ဖုန်းခေါ်ဆွေးနွေးခြင်း၊ (သို့မဟုတ်) မျက်နှာချင်းဆိုင် ဖုန်းဖြင့် ဗီဒီယို ခေါ်ဆိုခြင်း စသည့် ဝန်ဆောင်မှုများကို ရယူနိုင်ပါမည်။ အဆိုပါ ဝန်ဆောင်မှုကြောင့် မြန်မာနိုင်ငံတဝှမ်း မည်သည့် နေရာမှဖြစ်စေ မိမိဖုန်းအတွင်း အဆင့်အနည်းငယ်နှိပ်လိုက်ရုံဖြင့်ဖုန်းနှင့် ဒစ်ဂျစ်တယ်ချန်နယ်များ အသုံးပြု၍ လူနာများမှ လူကိုယ်တိုင်သွားရောက် တွေ့ဆုံစရာမလိုဘဲ ဆရာဝန်ကြီးများနှင့် ကျွမ်းကျင်သူများထံတွင် ကျန်းမာရေးရာ ဝန်ဆောင်မှုများ ရယူနိုင်မည်ဖြစ်ပါသည်။

တစ်ချိန်ထဲမှာပင် ဆရာဝန်ကြီးများမှလည်း MyanCare အက်ပလီကေးရှင်းကို အသုံးပြု၍ လူနာများ၏ ကျန်းမာရေး ဆိုင်ရာမှတ်တမ်းများနှင့် ကုသမှုမှတ်တမ်းများအပြင် ၎င်းတို့၏ အကြံပေးဝန်ဆောင်မှုအချိန်များကို App တစ်ခုအတွင်းမှာပင် သိမ်းဆည်းလုပ်ဆောင်နိုင်မည်ဖြစ်ပြီး မိမိတို့အချိန်ကို အကျိုးရှိစွာ စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။

မြို့ရွာများရှိ ဆေးရုံကြီးများ (သို့မဟုတ်) အထူးကုဆေးခန်းများတွင် လူကိုယ်တိုင်သွားရောက် ဆေးကုသမှုခံယူရန်၊ ဆေးခန်းရက်ချိန်းပြန်ပြရန်၊ အလွန် ဝေးကွာသောနေရာများမှ လာရောက်ပြသရန် စသည်တို့ လိုအပ်သော လူနာ များသည်လည်း MyanCare ကို အသုံးပြု၍ ရက်ချိန်းရယူထားခြင်းဖြင့် ဆရာဝန်ကြီးနှင့် တွေ့ဆုံပြသရန် သေချာစေပြီး ဆေးခန်းတွင် ဆေးကုသရန် ကြာရှည်စွာ စောင့်ဆိုင်းရချိန် (သို့မဟုတ်) မလိုအပ်သော ခရီးသွားလာမှုများကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ လူနာများအားလုံး၏ အီလက်ထရောနစ်ကျန်းမာရေးဆိုင်ရာမှတ်တမ်းများသည် MyanCare ၏ database တွင် လုံခြုံစွာသိမ်းဆည်းထားပြီး မည်သည့်အချိန်၊ မည်သည့်နေရာတွင်အဆို ဝင်ရောက်ကြည့်ရှုကိုကားနိုင်မည်ဖြစ်သည်။ MyanCare မိုဘိုင်းအက်ပလီကေးရှင်းကား Google Play Store (သို့မဟုတ်) Apple Store တွင် အခမဲ့ ဒေါင်းလုဒ်ရယူနိုင်သည်။ အသေးစိတ်ထပ်မံသိရှိလိုပါက MyanCare ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာ တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ဦးတည်ချက်များ

MyanCare ၏ရည်မှန်းချက်မှာပြည်သူလူထုအတွက်ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုများကိုအဆင်ပြေလွယ်ကူစွာ၊ အလွယ်တကူသုံးစွဲနိုင်နိုင်ပြီးကုန်ကျစရိတ်သက်သာသည့်နည်းလမ်းများဖြင့်ပံ့ပိုးပေးရန်ဖြစ်သည်။

လုပ်ဆောင်ချက်များ

ကုမ္ပဏီ၏ မျှော်မှန်းချက်သည် ပြည်သူအများ ကျန်းမာရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုများကို အဆင်ပြေ၊ လွယ်ကူစွာ အသုံးပြုနိုင်ပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် ဝန်ဆောင်မှုထောက်ပံ့နိုင်ရန် ဖြစ်သည်။ မြန်မာနိုင်ငံဆေးပညာလောကမှ အထင်ကရ ပါမောက္ခဆရာဝန်ကြီးများ၏ လမ်းညွှန်ချက်များအတိုင်း ကြိုးပမ်းဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

ကျွန်ုပ်တို့ကမ်းလှမ်းသောအရာ

မြန်ကဲသည် အရည်အသွေးမြင့်မားကာ ရိုးရှင်းလွယ်ကူ၍ လူတိုင်းတတ်နိုင်သော ကျန်းမာရေးစောင့်ရှောက်မှုကို ဝန်ဆောင်မှုပေးလျက် ရှိသည် - “လွယ်ကူ ကျန်းမာ လက်တကမ်းမှာ”။ “နည်းပညာတိုးတက်မှု မှသည် ကျန်းမာရေး ဝန်ဆောင်မှုသည်သို့” ကို မြန်ကဲ အဖွဲ့အစည်းမှ ယုံကြည်စွာလက်ကိုင်ထားပြီး နေ့စဥ်နေ့တိုင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည်။

လက်ရှိတွင် မြန်ကဲသည် အဓိက ကျန်းမာရေး ဝန်ဆောင်မှု ၂ မျိုးကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။

ကျွန်ုပ်တို့ လုပ်ဆောင်ချက်များ

ဆရာဝန်များအတွက်

ကျွန်ုပ်တို့ ဆရာဝန်များအတွက် ကျန်းမာရေးကုသမှု လုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေစေရန်
ကူညီပံပိုးပေးခြင်း

  • ဆရာဝန်များ အနေဖြင့် ဖုန်းမိုဘိုင်း အင်တာနက်ရှိယုံဖြင့် လူနာနှင့် တိုင်ပင်ဆွေးနွေးမှုကို အရပ်ဒေသမရွေး ဆောင်ရွက်နိုင်သည်။
  • လူနာ၏ ကျန်းမာရေး ဆင့်ကဲစောင့်ရှောက်မှုကို မိုဘိုင်း အင်တာနက်မှ တဆင့် နေရပ်မရွေး ပံ့ပိုးပေးနိုင်သည်။
  • သွားလာရခက်ခဲသော ဒေသမှ ပိုမိုများပြားသော လူနာများကို ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်သည်။

လူနာများ အတွက်

ကျွန်ုပ်တို့ လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်အခါမရွေး၊ ဒေသမရွေး
ရယူနိုင်ခြင်း။

  • လူနာများ အနေဖြင့် ကျန်းမာရေးတိုင်ပင်ဆွေးနွေးခြင်း၊ အကြံပြုချက်များ ရယူခြင်းကို နေရာဒေသမရွေး မိုဘိုင်း အင်တာနက်မှ တဆင့် ရယူနိုင်သည်။
  • နီးစပ်ရာ ဒေသရှိ ဆရာဝန်များ၊ ဆေးရုံဆေးခန်းများ နှင့် အချက်အလက်များ ရှာဖွေခြင်းကို ဆောင်ရွက်နိုင်သည်။
  • ဆေးမှတ်တမ်းများ၊ အကြံပြုချက်များနှင့် ထပ်မံလုပ်ဆောင် သင့်သည်များ ကို အွန်လိုင်း အကာအကွယ်ပေးမှု မှ တဆင့် လုံခြုံစိတ်ချစွာ ရယူနိုင်သည်။
my_MMMY
en_USEN my_MMMY

Share This

Share this post with your friends!

Shares