Oral Cancer ခေါ် ခံတွင်းကင်ဆာအကြောင်း တစ်စေ့တစ်စောင်း
ရေးသားသူ – Dr. Mie Mie Kyaw
အားလုံးပဲ မင်္ဂလာပါ
Myancare ချစ်သူလေးတို့ရေ…Covid 19, second waveကြောင့် အိမ်တွင်းအောင်းနေရတဲ့ Myancare ချစ်သူလေးတို့အတွက် Oral cancer ခေါ် ခံတွင်းကင်ဆာရောဂါအကြောင်းလေး သိသလောက်လေး ပြန်shareပေးမယ်နော်။
ကင်ဆာဆိုတာ ဘာလဲ?
ကျွန်တော်တို့ခန္ဒာကိုယ်မှာရှိတဲ့ဆဲလ်တွေကို သူတို့ရဲ့ကွဲပွားမှုလိုက် အမျိုးအစားအနေနဲ့ ၃မျိုးခွဲနိုင်ပါတယ်။
၁) Liable cells သည်cellsတွေကတော့ အမြဲပွားနေတဲ့ cellsတွေပါ eg.အရေပြားဆဲလ် ,သွေးဆဲလ်များ
၂) Stable cells သည်ဆဲလ်တွေကတော့ လိုအပ်မှပွားတဲ့ celllsတွေပါ eg အသည်းဆဲလ် , ကျောက်ကပ်ဆဲလ်များ
၃) Permanent cells သည်cellsတွေကတော့ ဘယ်တော့ဖြစ်ဖြစ် ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ထပ်မပွားတော့ပါဘူး eg.အာရုံကြောဆဲလ် , နှလုံးကြွက်သားဆဲလ် နဲ့ အရိုးကြွက်သားဆဲလ် Permanent cells ၃မျိုး ပဲရှိပါတယ် ။
ကင်ဆာဆိုတာကတော့ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ အစုလိုက်အပြုံလိုက်အများကြီး ပွားလာတာကိုခေါ်ကြတယ်။
Oral cancer ခေါ် ခံတွင်းကင်ဆာဆိုတာ ဘာလဲ ?
Oral cancer ခေါ် ခံတွင်းကင်ဆာဆိုတာကတော့ ပါးစပ် , ပါးစောင် , နှုတ်ခမ်း , လျှာ , ပါး , အာခေါင်ပျော့ , အာခေါင်မာ အစရှိတဲ့နေရာတွေမှာ အကြိတ် or ကင်ဆာအနာ ဖြစ်တာကို ခေါ်ပါတယ်။
ဘယ်လိုလူတွေမှာအဖြစ်များလဲ ?
အားလုံးသိကြတဲ့အတိုင်း ဆေးရွက်ကြီး ခေါ် ကွမ်းစားဆေးပါတဲ့ ကွမ်းယာတွေစားခြင်း ပါးစောင်၌ငုံထားခြင်း , အချို့သူများသည် ထိုငုံထားရက်နှင့်ပင် အိပ်ပျော်သွားသည်များ ရှိသည်။
ဆေးလိပ်အလွန်အကျွံသောက်ခြင်း ၊ အရက်အလွန်အကျွံသောက်ခြင်း ၊ သွားအတုများ ၊ အံကပ်များ ၊ မညီမညာ ချွန်ထက်နေသောသွားအချွန်ဖြင့် လျှာ, ပါးစောင် အစရှိသည့်နေရာများကို ကြာရှည်စွာထိုးမိခြင်း
ကာလသားရောဂါ နှင့် သားအိမ်ခေါင်းကင်ဆာဖြစ်စေသော Human Papilloma virusမျိုးစိတ်အချို့ အစရှိသည်တို့ကြောင့် ခံတွင်းကင်ဆာ အဖြစ်များလေ့ရှိပါတယ်။
ဘယ်လိုလက္ခဏာပြလဲ ?
ခံတွင်းအတွင်း၌ အလုံးအကြိတ်များပေါ်လာခြင်း ၊ ပုံမှန်မဟုတ်အဖြူကွက် ၊ အနီကွက်များပေါ်လာခြင်း ၊ မကြာခဏအနာဖြစ်ပြီး အနာမကျက်လွယ်ခြင်း ၊ သွားများရုတ်တရက်ယိုင်နဲ့လာပြီး အလွယ်တကူ ကျွတ်ထွက်ခြင်း ၊ အကြောင်းပြချက်မရှိပဲ ခံတွင်းအတွင်း သွေးခဏခဏထွက်ခြင်း ၊ ထုံကျင်ခြင်းဝေဒနာခံစားရခြင်း ၊ အစာဝါး/မြိုရခက်ခြင်း အစရှိတဲ့ရောဂါလက္ခာတွေ ခံစားရပါတယ် ။
ဘယ်လိုသိနိုင်မလဲ ?
များသောအားဖြင့် Dentist ခေါ် သွားအထူးကုဆရာဝန်က ပုံမှန် Routine Check up လုပ်ရင်း တွေ့လေ့ရှိပါတယ် ။
ဘယ်လိုကုသမလဲ ?
ဘယ်လိုကုသမလဲဆိုတော့ ခွဲစိတ်ခြင်း , ဓာတ်ကင်ခြင်း , ကင်ဆာဆေးသွင်းခြင်း or ဖော်ပြပါကုသမှုအမျိုးအစား၂မျိုး ၃မျိုးစပ်ပြီး ကုသနိုင်ပါတယ်။
ကာကွယ်လို့ရလား ?
ခံတွင်းကင်ဆာကို ဖြစ်စေသော အကြောင်းအာရများကို ရှောင်ရန်လိုအပ်ပါသည်။
ကွမ်းစားခြင်း ၊ ကွမ်းငုံခြင်း ၊ ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်း ၊ အရက်အလွန်အကျွံသောက်သုံးခြင်း အစရှိသည်တို့ အမြဲတစေရှောင်ကြဉ်ဖို့အရေးကြီးပါတယ် ၊ မရှောင်နိုင်ပါက လျှော့ကြဖို့ တိုက်တွန်းအပ်ပါသည်။

Dr. Mie Mie Kyaw
M.B.B.S (YGN)
ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။
Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။
Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။
- အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ
- ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကိုတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Parami General Hospital, Yangon