(+95)979 811 5566 info@myancare.org
ရင်သွေးလေးများရဲ့ အာဟာရပိုင်းဆိုင်ရာ ကျွေးမွေးစားသောက်မှုပုံစံများ

ရင်သွေးလေးများရဲ့ အာဟာရပိုင်းဆိုင်ရာ ကျွေးမွေးစားသောက်မှုပုံစံများ

ရင်သွေးလေးများရဲ့ အာဟာရပိုင်းဆိုင်ရာ ကျွေးမွေးစားသောက်မှုပုံစံများ နည်းစနစ်ကျစေဖို့ လမ်းညွှန်ပြသပေးနေတဲ့ ဆရာမ အန်တီသဲလ်မာထွန်းသိန်း MyanCare App ပေါ်မှာရှိနေပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးပါရစေ။

ဆရာမကြီးနှစ်ရှည်လများ အစဉ်တစိုက်လုပ်ဆောင်ခဲ့တာကတော့ လူတွေကို ကျန်းမာပျော်ရွှင်ပြီး ရောဂါဘယကင်းဝေးတဲ့ နေထိုင်မှုဘဝဖြစ်စေရန် လေ့ကျင့်သင်ကြားပေးခြင်း ပဲဖြစ်ပါတယ်။

ဆရာမကြီး အဓိက ဆွေးနွေးပေးတာတွေကတော့ နို့တိုက်မိခင်များ အောင်မြင်စွာ နို့ချိုတိုက်ကျွေးရေး၊ ရင်သွေးလေးများ ကျန်းမာဖို့ မိခင်များအသိပညာတိုးတက်ရေး၊ မိသားစုများ ပျော်ရွှင်ထက်မြတ်စွာ နေထိုင်ရန် လေ့ကျင့်ပေးရေး စသည်တို့ပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး ပြဿနာရှိနေပါသလား?

ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန် မှာ အာဟာရမျှတစွာစားသောက်မှုပုံစံများသိရှိနားလည်လိုပါသလား?

ရင်သွေးငယ်များအသက်၆လမှာ ဖြည့်စွက်စာကျွေးခြင်းနှင့် ကျောင်းတက်စဉ်တလျောက် အာဟာရမျှတစုံလင်စွာကျွေးမွေးခြင်း အကြောင်းများ သိရှိလိုပါသလား?

သင့်ရင်သွေးရဲ့ စားသောက်မှုပုံစံ ပြဿနာရှိနေတယ်လို့ ထင်ပါသလား?

ကလေးရဲ့ ခန္ဓာကိုယ်လေးချိန် ဝနေလား ပိန်နေလား ဆန်းစစ်ချင်ပါသလား?

နိုင်ငံတကာတွင်ကျင့်သုံးနေသော အာဟာရနှင့် စားသောက်နေထိုင်မှုဆိုင်ရာ နည်းလမ်းများကို သိရှိလိုပါသလား?

ဆရာမ အန်တီသဲလ်မာ မှကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။

အခုပဲ ဖုန်းထဲကနေ Application ကို အသုံးပြုပြီး voice call / video call တွေနဲ့အသုံးပြု တိုင်ပင် ဆွေးနွေးနိုင်တာ ဖြစ်လို့ မြန်မာနိုင်ငံ တဝှမ်း ဘယ်တိုင်း ဘယ်ပြည်နယ်ကမဆို ဆရာမကြီး နဲ့ တွေ့ဆုံဖို့ app ထဲမှာ အခုပဲ booking ယူလိုက်ပါ။

ကျန်းမာရေးနဲ့ပတ်သက်လာရင် MyanCare ကသင်နဲ့အတူရှိနေပေးမယ်ဆိုတာအမြဲသတိရလိုက်ပါ။

သားသားမီးမီးလေးတွေမှာ တုပ်ကွေးရောဂါ ဖြစ်လာလျှင် ဘယ်လို ပြုစုစောင့်ရှောက်မလဲ။

သားသားမီးမီးလေးတွေမှာ တုပ်ကွေးရောဂါ ဖြစ်လာလျှင် ဘယ်လို ပြုစုစောင့်ရှောက်မလဲ။

မေမေတို့ရေ သားသားမီးမီးလေးတွေမှာ တုပ်ကွေးရောဂါ ဖြစ်လာလျှင် ဘယ်လို ပြုစုစောင့်ရှောက်မလဲဆိုတော့….

  • ရေဓာတ်ကို လုံလောက်စွာတိုက်ပေးပါ။(အဖျားကြောင့် ရေဓာတ်ခန်းခြောက် ခြင်းကို ထိန်းပေးပါတယ်)။
  • အာဟာရ ပြည့်ဝစွာ ကျွေးမွေးရပါမယ်။
  • လုံလောက်စွာ အိပ်စက် အနားယူခိုင်းပါ။
  • ပုံမုန်ချည်ထည်လေးပဲ ဝတ်ဆင်ပေးပါ။(အဝတ်အစားကို အထူကြီးလည်း မဝတ်ပေးပါနဲ့၊ပါးပါးလေးလည်း မဝတ်ပေးပါနဲ့)။
  • ဆရာဝန် ညွှန်ကြားချက်နဲ့ အညီ ဆေးဝါးများကို တိုက်ကျွေးပေးပါ။

အရေးပေါ် ရောဂါလက္ခဏ(အစားလုံးဝမဝင်ခြင်း၊ အလွန်မှိန်းခြင်း ၊ဝမ်းပျတ်ဝမ်းလျောခြင်း၊ အလွန်အမင်းအန်ခြင်း ၊ဆီးနည်းခြင်း ၊ခြေလက်များ အေးဆက်ခြင်း ၊ အသက်ရှုမြန်ခြင်း)တစ်ခုခု ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်း သို့သွားရောက်ကုသမှု ခံယူပါ။

ကလေးကျွမ်းကျင်ဆရာဝန် များနှင့် ၂၄နာရီ နေ့/ည မရွေး ကြိုက်တဲ့အချိန်ဖုန်းခေါ်ပြီးမေးမြန်းဆွေးနွေးတိုင်ပင်နိုင်မယ် ရင်သွေးကျန်းမာရေးစောင့်ရှောက်မှု့ဝန်ဆောင်မှုမှာမန်ဘာဝင်ထားလိုက်ပါ ~

မန်ဘာဝင်စဉ်ကတည်းက ရင်သွေးလေးရဲ့ ကျန်းမာရေးမှတ်တမ်း (Electronic Medical Record) EMR စနစ်နဲ့ ဘယ်အချိန်ကြည့်ကြည့် အဆင်သင့်ဖြစ်အောင် ကွန်ပျူတာ မှာ သိမ်းဆည်းပေးထားတယ်

မှတ်တမ်းတင်တဲ့အတွက် ရင်သွေးတစ်ဦးချင်းအလိုက် အသေးစိတ်ကို ဆရာဝန်တွေက သိထားတဲ့အတွက် အပေါ်ယံမဟုတ်ပဲ တိတိကျကျပြောပြပေးနိုင်ပါတယ်

ကလေးအာဟာရပိုင်းဆိုင်ရာ နဲ့ ကလေးပြုစု စောင့်ရှောက်ရေး များမေးမြန်းနိုင်ပါတယ်။

ဖုန်းပြောတာအပြင် viber ကနေလဲ ပုံတွေ video တွေသုံးပြီး ဆရာဝန်တွေက ကြည့်ရှု စစ်ဆေးပေးတယ်။

ဖေဖေ မေမေတို့ဘက်က ဖုန်းမဆက်ဖြစ်ရင်တောင် ဆရာဝန်တွေက ပုံမှန် ဖုန်းလှမ်းဆက်ပြီး အခြေအနေကို မေးမြန်း ဆွေးနွေးပေးမှာဆိုတော့
သားသားမီးမီးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မျက်ခြေမပြတ်တော့ဘူးပေါ့။

သွားတိုက်ပျင်းတဲ့ သားသားမီးမီးတွေကို သွားတိုက်လာအောင် ဘယ်လိုလုပ်ကြမလဲ

သွားတိုက်ပျင်းတဲ့ သားသားမီးမီးတွေကို သွားတိုက်လာအောင် ဘယ်လိုလုပ်ကြမလဲ

” သွားတိုက်ပျင်းတဲ့ သားသားမီးမီးတွေကို သွားတိုက်လာအောင် ဘယ်လိုလုပ်ကြမလဲ…?”

ရေးသားသူ – ဒေါက်တာ မျိုးမြင့်အောင် (သွားနှင့်ခံတွင်းကျန်းမာရေးအထူးကု)

ကလေးတွေ သွားနှင့်ခံတွင်းရောဂါတွေကင်းရှင်းအောင် ကာကွယ်ချင်တယ်ဆိုရင်တော့ သွားမှန်မှန်တိုက်ပေးဖို့လိုပါမယ် ။

ဒါပေမယ့် ကလေးတွေကို သွားမှန်မှန်တိုက်ပေးတာဟာ မိဘတိုင်းအတွက် လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး ။ “ဆရာရေ… အိမ်က သားသားကတော့ သွားတိုက်ချိန်ရောက်ရင် ငိုတာပဲ” “အိမ်က မီးမီးကတော့ လုံးဝတိုက်ခိုင်းလို့ကိုမရဘူး ” ဆိုတာတွေကို ကျွန်တော်အမြဲတမ်း မကြားချင်မှ အဆုံး ။

ဒါဆို ကလေးတွေ သွားတိုက်ချင်လာအောင်ဘယ်လိုလုပ်ကြမလဲ ။ ကလေးပေါက်စတွေကိုတော့ ကျွန်တော်တို့ သင်ပေးကြမယ်။

ကလေးကြီးတွေကိုတော့ ကျွန်တော်တို့ ဂျင်းထည့်ကြရအောင် ။ ကျွန်တော်စဉ်းစားမိသမျှ နည်းလမ်းတွေကို မျှဝေပါ့မယ်။

ဒါဆို စလိုက်ကြရအောင်…..

သွားတိုက်တံကိုမိတ်ဆက်တဲ့အဆင့်
ကလေးပေါက်စလေးကို သွားတိုက်မယ် လာစမ်းဆိုပြီး စလိုက်လို့ကတော့ အဲ့ဒီကလေးကို ဘယ်တော့မှ သွားတိုက်လို့ရတော့မယ် မထင်ဘူး။

မိဘတိုင်း ကလေးတွေရဲ့ ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုကို လသားအရွယ်ကတည်းက စတင်သင့်ပါတယ် ။

ဒါကြောင့် လသားအရွယ်ကလေးလေးကို ရင်ခွင်ထဲ အသာအယာထည့်၍သော်လည်းကောင်း ၊ မျက်နှာချင်းဆိုင် အနေအထားနဲ့သော်လည်းကောင်း ကလူကျီစယ်ရင်း ခံတွင်းသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ် ။

သွားတွေပေါက်မလာခင် အဝတ်စို နုနု သန့်သန့်လေးနဲ့ ခံတွင်းသန့်ရှင်းရေးကို အစပြုသင့်ပါတယ်။
သွားမပေါက်သေးပေမယ့် သွားဖုံးလေးတွေကို နေ့စဉ်သန့်ရှင်းပေးခြင်းဟာ ကလေးတွေသွားပေါက်ချိန်မှာ သွားတိုက်တံကို မိတ်ဆက်ဖို့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်သလို ကလေးရဲ့ ခံတွင်းကျန်းမာရေးကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေမှာ အမှန်ပါပဲ။

ကလေးလသားပေါက်စလေးတွေက မေမေလုပ်သမျှ ငြိမ်ခံတတ်ပေမယ့် နည်းနည်းလေးကြီးလာ သိတတ်လာတော့ ဂျီကျတတ်လာရော ။ သွားတိုက်ချိန်မှာ ရုန်းမယ် ကန်မယ် ငိုမယ်ပေါ့လေ ။

ဒါဆိုရင်တော့ သွားတိုက်ခြင်းဟာ လူတွေအတွက် ပုံမှန်အလေ့အထတစ်ခုဆိုတာ သင့်ကြားပေးရမယ့် အချိန်ပါပဲ ။

ဖေဖေ မေမေတို့က ကလေးလေးတွေရှေ့မှာ သွားတိုက်ပြပါ ။ သွားတိုက်ရင်း စနောက်ကျီစယ်ပါ။ သွားတိုက်ပြီးရင် ရေနဲ့ထွေးရတယ်ဆိုတာ လုပ်ပြပါ ။

ကလေးလေးတွေနဲ့ ကစားတဲ့အခါ သူ့အရုပ်လေးတွေကို သွားတိုက်တမ်းဆော့ပေးပါ ။ သူ့အရုပ်လေးတွေကိုလည်း သူ့ကို သွားတိုက်ခိုင်းပါ ။

ကလေးလေးတွေကို စရင်းနောက်ရင် အချိန်ပေးပြီး သွားတိုက်ပေးပါ ။ သူသွားတိုက်တဲ့အချိန်မှာ ချီးမွမ်းပေးပါ ။

သွားတိုက်ခြင်းဟာ ကျွန်တော်တို့တွေအားလုံးအတွက် အလေ့အထတစ်ခုဆိုတာ သင်ယူနိုင်မှာဖြစ်ပြီး ကလေးတွေ သွားတိုက်ခြင်းကို လက်ခံလာပါလိမ့်မယ်။

ကလေးစိတ်ဝင်စားအောင်ဖန်တီးကြည့်ပါ

  • သွားတိုက်တံကို ကလေးကိုယ်တိုင်ရွေးချယ်ပါစေ..။ သူကြိုက်တဲ့ တိရစ္စာန်ရုပ်လေးတွေ ၊ Spider Man တို့ ဘာဘီတို့ စသဖြင့်အရုပ်လေးတွေပါတဲ့ သွားတိုက်တံလေးတွေက ကလေးတွေကို စိတ်ဝင်စားမှုဖြစ်စေမှာပါ။
  • ကလေးသွားတိုက်ဆေးမှာ စတော်ဘယ်ရီအရသာ ဖရဲသီးအရသာ လိမ္မော်အရသာ စသဖြင့်အမျိုးမျိုးရှိလို့ ကလေးနှစ်သက်တဲ့ သွားတိုက်ဆေးကို ဝယ်ကြည့်ပါ…။
  • ကလေးနဲ့ အတူတူ သွားတိုက်ပါ…။ မိဘနဲ့ကလေးအတူသွားတိုက်ခြင်းက မိသားစုကိုပိုပြီးနွေးထွေးစေပါလိမ့်မယ်….။ ကလေးလည်းဖိအားမများတော့ဘူးပေါ့။

ဒါကြောင့် ကလေးတွေကို တစ်ယောက်တည်း သွားမတိုက်ခိုင်းပါနဲ့…။

  • သွားတိုက်နေစဉ် ကလေးနှစ်သက်တဲ့ သီချင်းလေးဖွင့်ထားပါ…။ ခေါတ်စားနေတဲ့သီချင်းမြူးမြူးလေးတွေ ရွေးဖွင့်ရင်ပိုကောင်းပါတယ်…။
  • သွားတိုက်တံကို မိုက်ခရိုဖုန်းလုပ်ပြီး မှန်ရှေ့မှာ ရုပ်ပြောင်လေးတွေ အတူတူလုပ်ကြည့်ပါ…။
    ဒါဆို သွားတိုက်တာက တော်တော်စိတ်ဝင်စားဖို့ကောင်းနေပြီ ပျော်စရာလည်းကောင်းနေပါပြီ…။
    ဒီလိုလုပ်တာတောင် ပျင်းနေသေးတယ်ဆို နဲနဲထပ်အဆင့်မြင့်ရအောင်…။

သွားတိုက်တာကို ကစားသလိုမျိုးလုပ်ကြမယ်…

  • ကလေးကို သူဆော့နေကြ အရုပ်လေးတွေကိုပါ သွားတိုက်ခိုင်းကြည့်ပါ…။ သွားတိုက်တာကို စိတ်ပါလာမှာ သေချာပါတယ်…။
  • သွားတိုက်နေကြတဲ့ ကာတွန်း Video လေးတွေကိုလည်းပြပါ…။
  • တလှည့်စီသွားတိုက်ပေးတမ်းဆော့ပါ…။ ကိုယ့်ကို ကလေးကအရင်တိုက် ပြီးရင် ကိုယ်က ကလေးကို ပြန်တိုက်ပေးတာမျိုး…။

ဒီထက်ပိုစိတ်ပါလာအောင် ဆုပေးလို့ရသေးတယ်…
ဒါကတော့ ကလေးကြီးတွေကို ဂျင်းထည့်တဲ့နည်းပေါ့ ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်သားသမီးတွေဖြစ်တဲ့အတွက် အခွင့်အရေးတွေ ၊ မုန့်တွေ ၊ အရုပ်တွေ ၊လက်ဆောင်ပစ္စည်းလေးတွေက ဝယ်ပေးရတာပဲပေါ့နော် ။ အဲ့ဒါကို အသုံးချပြီး ဂျင်းထည့်ကြတာပေါ့ ။

ကျွန်တော်ကတော့ ကလေးကို ပစ္စည်းတွေပေးတာထက်…ကလေးကြိုက်တတ်တဲ့ အခွင့်အရေးတွေကိုပေးတာ ပိုနှစ်သက်ပါတယ် ။

ဥပမာ ပုံပြင်ဖတ်ပြတာ၊ ကလေးကစားကွင်းသွားတာ၊ ခရီးထွက်တာတို့ ပေါ့နော်…။
ကလေးကြီးတွေဟာ သွားတိုက်ပိုပျင်းတတ်ကြတယ် ။ တချို့ကလေးကြီးတွေကျတော့လည်း သွားတော့တိုက်တယ် ပြီးစလွယ်တိုက်တာမျိုးပေါ့။ ကလေးကြီးတွေကျတော့ လူကြီးသွားတွေလည်း ပါးစပ်ထဲရှိနေနိုင်တာမို့ မိဘတွေအနေနဲ့ သွားတိုက်ခြင်းကို ပိုကြပ်မတ်သင့်ပါတယ် ။

မိဘတွေတော်တော်များများကတော့ ပြက္ခဒိန်တွေမှာ အမှန်ခြစ်တွေ ခြစ်တဲ့နည်းလမ်းကို သုံးတာများတယ် ။ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်တာဆိုတော့ တစ်နေ့ကို အမှတ် နှစ်ခြစ်ပေါ့ ။ အမှတ် (၁၀၀၀) ရရင် ဆုရတာမျိုး စသဖြင့် လုပ်ကြတယ် ။

သွားတိုက်တဲ့အချိန်မှာ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့ ကလေးကို မိဘတွေတော်တော်များများကတော့ ကလေးကိုသွားကျန်းမာရေးဗဟုသုတတွေ သိသလောက်ပြောပြတယ်လို့ ကျွန်တော့်မိတ်ဆွေတော်တော်များများကပြောထားပါတယ်…။ တချို့ မိဘတွေကျပြန်တော့လည်း ချော့တန်ချော့ ခြောက်တန်ခြောက် ရိုက်တဲ့အခါတောင် ရှိသတဲ့ဗျာ…။ မိဘတွေတွေတော့ ကလေးကိုကောင်းစေချင်သကိုးနော့…။

ကလေးကို သွားတိုက်ခိုင်းတဲ့ကိစ္စမှာ သွားကျန်းမာရေးအကြောင်းပြောပြတာနဲ့တင်မလုံလောက်ပါဘူး ။ လူကြီးတွေတောင်ပျင်းကြတာ ကလေးတွေလည်း ပျင်းတာပေါ့ ။

ဒီလောက်ဆိုရင်တော့ ကလေးတွေကို သွားတိုက်ဖို့ စည်းရုံးနိုင်မယ်လို့ ထင်ပါတယ်။
ဇွဲရှိဖို့တော့ လိုမယ်နော် ။

ကလေးလေးတွေ သွားတိုက်တာကို စိတ်ဝင်စားလာပြီဆိုရင် ကလေးလည်း သွားနှင့်ခံတွင်းရောဂါတွေကင်းမယ် ဖေဖေမေမေတို့လဲ စိတ်မညစ်ရတော့ဘူးပေါ့…။
မိဘနဲ့ကလေးကြားမှာလည်း အတူတူအချိန်တွေကုန်ဆုံးဖြစ်သလို ချစ်စရာအမှတ်တရလေးများစွာ ကျန်ခဲ့မှာ အသေအချာပါပဲ ။
ကဲ အရမ်းမခက်ပါဘူး… ဖေဖေမေမေတို့ရေ… ။
ကြိုးစားကြည့်ပါဦး…

ခေတ်သစ် မေမေတို့ရေ မိုးဦးကာလ ရောက်လာပြီးဆိုတော့ သားသားမီးမီး တွေကို အရင်ကထပ် ပိုဂရုစိုက်ရပါတယ်နော်

ခေတ်သစ် မေမေတို့ရေ မိုးဦးကာလ ရောက်လာပြီးဆိုတော့ သားသားမီးမီး တွေကို အရင်ကထပ် ပိုဂရုစိုက်ရပါတယ်နော်

ခေတ်သစ် မေမေတို့ရေ မိုးဦးကာလ ရောက်လာပြီးဆိုတော့ သားသားမီးမီး တွေကို အရင်ကထပ် ပိုဂရုစိုက်ရပါတယ်နော်…

မိုးရာသီ မှာ ရောဂါ ဖြစ်စေသော မှိုများ ၊ဗိုင်းရက်စ် ပိုးမွှားများ ၊ဘက်တီးရီးယား ပိုးမွှားများ ၊ ကပ်ပါးကောင်များနှင့် ရောဂါသယ်ဆောင်နိုင်သော အင်းဆက်ပိုးမွှားများ အလွယ်တကူ ပေါက်ဖွား လွယ်ပါတယ်။
ဒါအပြင် ရာသီအကူးအပြောင်း မှာ အအေးမိနှာစေးတာတွေလည်း အဖြစ်များပါတယ်။

သားသားမီးမီးတို့ နာမကျန်း လွယ်လွယ် ကူကူ မဖြစ်အောင် ကိုယ်ခံအားကောင်းဖို့ လိုအပ်ပါတယ်။
မိုးတွင်းမှာ ကိုယ်ခံအား အမြဲကောင်းနေစေဖို့ ….

  • ကလေးကို ဘယ်လိုတွေ ဝတ်ဆင်ပေးသင့်သလဲ?
  • ကလေးရဲ့ အသက်အလိုက် မျှတတဲ့ ကိုယ်အလေးချိန် နဲ့ အရပ် ရှိလား?
  • ကလေး ရဲ့ နေထိုင်စားသောက်မှု ပုံစံ တွေရော မှန်ကန် ရဲ့ လား?
  • မျှတတဲ့ ကိုယ်လက်လှုပ် ရှားမှုတွေရော ရှိရဲ့လား?
  • အာဟာရ တန်ဖိုး ပြည့်ဝပြီး ကျန်းမာစေတဲ့ အစားအသောက် တွေကို ဘယ်လို့ရွေးချယ်သင့်လဲ?

ဒီလိုအချက်တွေ အားလုံးကို ရင်သွေး ကျန်းမာရေး Call Center ကဆရာဝန် တွေနဲ့ အေးအေးဆေးဆေး အချိန်ယူ ဆွေးနွေးနိုင်ပါတယ် ရှင်။ ကလေးတစ်ယောက် ချင်းဆီအလိုက် အသက်အရွယ် အလိုက် အကြံဉာဏ်တွေပေးဖို့ ရင်သွေးက ဆရာဝန် တွေက အသင့် ရှိနေမှာပါ။

ကလေးကျန်းမာရေးနဲ့ ပတ်သတ်ပြီးတော့ ဆေးရုံဆေးခန်းကို သွားဖို့ အခက်အခဲ ရှိနေရင် ရင်သွေး call center ကို သတိရလိုက်ပါနော်။

COVID-19ကြောင့် ကျောင်းပိတ်ထားချိန် သားသားမီးမီးတို့ အိမ်မှာနေရင်း အကျိုးရှိရှိပျော်ရွှင်စေမည့်နည်းလမ်းများ

မိုဘိုင်းနည်းပညာတွေ ဖောဖောသီသီရှိနေတဲ့ ဒီနေ့ခေတ်ထဲမှာ ကလေးတွေကို Screen Time လုံးဝမရှိရဘူးလို့ ပိတ်ပင်ထားနိုင်ပါရဲ့လား။ ဒီတော့ Screen Time ကို စနစ်တကျလေး သတ်မှတ်ပေး ထားမယ်ဆိုရင် ကလေးတွေအတွက် ဘေးကင်းစွာနဲ့ ကစားသင်ယူမှုဖြစ်စေမှာပါ။

  • သင်နံနက်စာပြင်ဆင်နေချိန်မျိုး၊ နေ့လည်စာပြင်ဆင်ပေးနေချိန်မျိုးတွေမှာ Screen Time ထား ပေးလိုက်ပါ။ သူတို့လေးတွေရဲ့ အကြိုက်ဆုံးကာတွန်းကားလေးတွေပြပေးထားမယ်ဆိုရင် သင့် အတွက်လည်း အချိန်ရ၊ ကလေးတွေလည်း ပျော်ရဆိုတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာပါ။
  • Screen Time ပြီးဆုံးပြီဆိုတာနဲ့ ချက်ချင်းပိတ်ပေးပါ။ ကလေးကိုတော့ မကြည့်နဲ့ပြောပြီး ဆက် ပြီးဖွင့်ထားတာမျိုး၊ အသံတွေဆက်ထွက်နေတာမျိုးကျ ကလေးကိုဘယ်လောက်ပဲတားနေနေ အ သုံးဝင်မှာမဟုတ်ပါဘူး။ အိမ်က အရမ်းတိတ်ဆိတ်လွန်းနေလို့ဆိုရင်တော့ သီချင်းသံလေးတွေပဲ ဖွင့်ထားပြီး ကလေးတွေ မြူးမြူးကြွကြွ ပျော်ပျော်ပါးပါး ကခုန်နေစေလိုက်ပါ။

အာရုံပြောင်းသွား ပြီး အဆင်ပြေသွားပါလိမ့်မယ်။
ဟုတ်ပါတယ်။ တကယ်တမ်းကျ ကလေးတွေကို စနစ်တကျဖြစ်စေဖို့ အချိန်ဇယားနဲ့နေခိုင်းတာက အဆင်ပြေတာလည်းရှိသလို တချို့သောမေမေတွေအတွက် အတော်လေးရုန်းကန်ရတဲ့အခက်အခဲမျိုး တွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။

ဘယ်အရာကမှပြီးပြည့်စုံလွန်းနေတာမျိုးမရှိဘူးလို့တွေးထားရသလို အလိုလိုက်လွန်းတဲ့အနေအထားမျိုးလည်းဖြစ်မသွားစေဘဲ အလိုက်သင့်လေးနဲ့ ကလေးတွေရဲ့ ပျော်ရွှင် မှုနဲ့ဆန္ဒကိုသာ ဦးစားပေးပါ။ အချိန်ဇယားအတိုင်း ကြိုးစားကြည့်ပေမယ့် အဆင်မပြေဘူးဆိုလည်း စိတ် အေးအေးထားပြီး နောက်ရက်တွေကျ ပြန်ကြိုးစားကြည့်ပါ။

နေ့ရက်တွေတိုင်းမှာ မိသားစုဝင်တွေ ဘေး ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးရှိနေဖို့သာ အရေးကြီးတာပါ။ အလုပ်တွေနဲ့ ကလေးတွေ ကိုအချိန်မပေးနိုင်ခဲ့သမျှ ဒီအချိန်မှာ မိသားစုအတွက် တန်ဖိုးရှိတဲ့အချိန်တွေ အတိုးချပြီး ရရှိတာဆိုပြီး အကောင်းမြင်ကြည့်ပေးပါ။

တစ်နေကုန် တပျော်တပါးကစားသင်ကြားထားခဲ့ရသမျှ ခြေကုန်လက်ပမ်းကျသွားလို့ နှစ်နှစ်ခြိုက် ခြိုက်အိပ်မောကျသွားတဲ့ကလေးတွေကိုကြည့်ရုံနဲ့ မေမေ၊ ဖေဖေတို့လည်း တစ်နေကုန်ပင်ပန်းထားခဲ့သ မျှ အမောပြေကြရမှာပါ။

မိသားစုအတူတကွအချိန်ကုန်ရင်း နောင်ရက်တွေမှာ အရင်လိုပျော်ရွှင်ဖွယ် အတိပြီးတဲ့ သာယာတဲ့နေ့တွေရောက်လာတော့မှာလို့ ဖြေသိမ့်အားပေးရင်း COVID-19 ကြောင့် အိမ်မှာနေရတဲ့ကာလမှာ မေမေဖေဖေတို့ရဲ့ ပူပန်ဖိစီးမှုတွေလည်း အတန်အသင့်ပြေလျော့သက်သာရာ ရသွားစေမယ်လို့ မျှော်လင့်မိပါတယ်။

en_USEN
my_MMMY en_USEN