(+95)979 811 5566 info@myancare.org
ပြောစကားနားမထောင်ပဲ အမြဲဂျီကျ နေတဲ့ သားသားမီးမီးလေးတွေရှိနေလို့ စိတ်ညစ်နေရပြီလား?

ပြောစကားနားမထောင်ပဲ အမြဲဂျီကျ နေတဲ့ သားသားမီးမီးလေးတွေရှိနေလို့ စိတ်ညစ်နေရပြီလား?

မေမေတို့ရေ… ပြောစကားနားမထောင်ပဲ အမြဲဂျီကျ နေတဲ့ သားသားမီးမီးလေးတွေရှိနေလို့ စိတ်ညစ်နေရပြီလား?

အရမ်းဂျီကျတတ်တဲ့ သားသားမီးမီးလေးတွေကို ပြောစကားနားထောင်လာအောင် သတိထားပြီး ပြုစုစောင့်ရှောက်တတ်ဖို့ လိုအပ်ပါတယ်။ ကလေးဆိုတာဂျီကျတတ်တာ သဘာဝဖြစ်လို့ ကြမ်းတမ်းတဲ့ ထိန်းချုပ်မှုတွေမပြုလုပ်ဖို့တော့ အရေကြီးပါတယ်နော် မေမေတို့ရေ။

စိတ်အလိုမကျ ဖြစ်ပြီး ဂျီကျတတ်ကြတဲ့ သားသားမီးမီးလေးတို့ နူးနူးညံ့ညံ့ ဆက်ဆံပေးဖို့လည်း အရေးကြီးပါတယ်။ သားသားမီးမီး လေးတို့ လက်ရှိဖြစ်နေတဲ့အခြေအနေကိုလည်း သိရှိနားလည်အောင် မေမေတို့က ကြိုးစားသင့်ပါတယ်။

သားသားမီးမီးဖြစ်နေတဲ့အခြေအနေကို သိရှိမှ ဂျီမကျအောင်ထိန်းရာမှာ အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။ သားသားမီးမီး တို့ကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တတ်အောင်လည်း မေမေတို့က လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။ ဂျီမကျရင် သားသားမီးမီး တို့လိုချင်တဲ့ ပျော်ရွင်စရာပြုလုပ်ပေးတာမျိုးတို့ လုပ်ပေးသင့်ပါတယ်။

သားသားမီးမီးလေးတို့ရဲ့ စိတ်ကို အတတ်နိုင်ဆုံး နားလည်အောင်ကြိုးစားပြီး နွေးနွေးထွေထွေ ဆက်ဆံပေးပြီး ဂျီကျနေတဲ့ သားသားမီးမီးလေးတို့ကို လိမ္မာပြီး မေမေတို့စကားနားထောင်တဲ့ သားသားမီးမီးလေးတွေဖြစ်အောင် ပြုစုပျိုးထောင်လိုက်ပါ။

ကလေးကျန်းမာရေးနဲ့ ပတ်သတ်ပြီးတော့ ဆေးရုံဆေးခန်းကို သွားဖို့ အခက်အခဲ ရှိနေရင် ရင်သွေး call center ကို သတိရလိုက်ပါနော်။

သားသားမီးမီးလေးတွေ ဘာအလိုမကျဖြစ်မှန်းမသိပဲ အမြဲဂျီကျနေတဲ့အချိန်တွေ ကြုံနေရလို့ စိတ်ညစ်နေရပြီလား?

သားသားမီးမီးလေးတွေ ဘာအလိုမကျဖြစ်မှန်းမသိပဲ အမြဲဂျီကျနေတဲ့အချိန်တွေ ကြုံနေရလို့ စိတ်ညစ်နေရပြီလား?

မေမေတို့ရေ

သားသားမီးမီးလေးတွေ ဘာအလိုမကျဖြစ်မှန်းမသိပဲ အမြဲဂျီကျနေတဲ့အချိန်တွေ ကြုံနေရလို့ စိတ်ညစ်နေရပြီလား?။

ဒါမျိုးတွေကြုံလာတဲ့အခါ ဘာလုပ်ရမှန်းမသိပဲ ဖေဖေ မေမေတို့အတွက် အရမ်းစိုးရိမ်ရပြီး စိတ်ညစ်နေမယ်ထင်ပါတယ်။

ရင်သွေး call center မှာရှိတဲ့ ကလေးကျွမ်းကျင်ဆရာဝန်တွေဆီကိုသာ ဖုန်းလေးဆက်ပြီး မိမိတို့ရင်သွေးလေးအတွက် နေ့စဉ် ဂျီမကျအောင် ဘယ်လိုထိန်းချုပ်ရမလဲ နည်းလမ်းကောင်းတွေကို အေးအေးဆေးဆေး တိုင်ပင်ဆွေးနွေးလိုက်ပါ။

ကလေးငယ်များအတွက် မှန်ကန်သော အစားအစာများရွေးချယ်ပေးခြင်း

ကလေးငယ်များအတွက် မှန်ကန်သော အစားအစာများရွေးချယ်ပေးခြင်း

ကလေးငယ်များအတွက် မှန်ကန်သော အစားအစာများရွေးချယ်ပေးခြင်း

ကလေးငယ်လေးတွေကို ဘာကျွေးကြမလဲဆိုတာ သားသားမီးမီတို့ရဲ့မိဘတွေ အထူးသဖြင့် မြန်မာနိုင်ငံမှာဆို မေမေတွေ တော်တော် စဉ်းစားရတဲ့ အလုပ်တစ်ခုပါ။ ကလေးငယ်လေးတွေ အာဟာရပြည့်ဖို့ ကျန်းမာဖို့ အစားအစာ ဟာ အရေးကြီးမှန်း သိကြပါတယ်။
မှန်ကန်တဲ့ အစားအစာဟာ ကလေးတွေရဲ့

  • စွမ်းအင်လိုအပ်ချက်ကို မျှတစေတယ်
  • ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးတယ်
  • ခန္ဓာကိုယ်အလေးချိန်ကို မှန်ကန်စေတယ်
  • စိတ်ပိုင်းဆိုင်ရာလည်း ပိုကျန်းမာစေပါတယ်။

အစားအစာကို မှန်မှန်ကန်ကန်ရွေးချယ်ပြီး ကလေးတွေကို စားသုံးစေတာ တော်ရုံရောဂါ ဖျားနားတာတွေကို ကာကွယ်ပေးပါသေးတယ်။

ကလေးအသက် ၆လ အထိကတော့ မိခင်နို့တစ်မျိုးတည်းကို တိုက်ကျွေးပါနော်။ ရေတောင်မတိုက်ရပါဘူး။

အသက် ၆လ ကျော်ပြီး ဖြည့်စွက်စာ ကျွေးတော့မယ်ဆိုရင် ဒီ Tips လေးတွေ ထပ်စဉ်းစားပြီး အစားအစာကို ရွေးချယ်ကြည့်ပါ။

တစ်နေ့တာရဲ့အစ မနက်စာကနေ စပြင်ဆင်ရပါမယ်။ မနက်စာကို အသားဓာတ်(protein) များများပါတဲ့ အစားတွေကို စကျွေးပါ။ Protein များများပါတဲ့ အစာဟာ အဆာခံနိုင်သလို အားလည်းပြည့်စေပါတယ်။

နေ့လယ်စာတို့ ညစာတို့က အဓိကအစားအစာဖြစ်ကြောင်း ကလေးငယ်တွေသိပါစေ။ အချိန်မှန်မှန် နဲ့ သေချာ ထိုင်စားခိုင်းပါ။ နေ့လယ်စာ ညစာ စားချိန်တို့ နီးလာပြီးဆို တခြား သရေစာ ကျွေးတာတွေမလုပ်ပါနဲ့တော့။ ကလေးက ပြည့်အင်ပြီး မစားနိုင်တာတွေဖြစ်လို့ပါ။

ဈေးဝယ်ထွက်တဲ့အခါ ကလေးတွေကိုပါ ခေါ်ပြီး ဘယ်ဟာတွေက ပိုစားသင့်တယ်။ ဘယ်ဟာတွေကတော့ဖြင့် နည်းနည်းပဲ စားရမယ် ဈေးဝယ်ထွက်ရင်း တစ်ခါတည်း သင်ပေးပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပြပြီး စားတဲ့အကျင့်ကို ကျင့်ယူပေးပါ။
ဥပမာ – ဆိုဒါအချိုရည်တွေ အစား ရေများများသောက်ဖို့တို့၊ မလိုင်ပြည့် နွားနို့အစား မလိုင်အဆီနည်းတဲ့ နွားနို့ စတာတွေ လေ့ကျင့်ပေးပါ။

အချို၊ အငန်၊ အဆီ စားသုံးတာတွေ ကန့်သတ်ထားပါ။ ငယ်ငယ်လေးကတည်းက သင်ကြားပေးမှ အရွယ်ရောက်လာတဲ့အခါ အချို၊ အငန်၊ အဆီ စားသုံးတာ ကျန်းမာရေးနဲ့ အညီ သုံးတတ်လာမှာ။ အချို၊ အငန်၊ အဆီတို့ကို ငယ်ငယ်ကတည်းက အများကြီးစားရင် မလိုလားအပ်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

အသီးအနှံတွေများများစားဖို့ တိုက်တွန်းရပါမယ်။ အသီးအနှံတွေ များများကျွေးဖို့ဆို ပထမဆုံးအနေနဲ့ သရေစာ အချိုတွေ ကျွေးတာ လျော့ဖို့ပါပဲ။ အိမ်မှာ သရေစာ သကြားလုံး အချိုမှုန့်တို့ အစား သစ်သီးတွေ ထားပေးခြင်းက ကလေးငယ်တွေ ဗိုက်ဆာတဲ့အခါ အသီးအနှံတွေ များများစားစေမှာဖြစ်ပါတယ်။

မိဘတွေအနေနဲ့ ကလေးတွေရဲ့ ရှေ့ဆောင်စံပြအနေနဲ့ မှန်ကန်တဲ့ အစားအစာတွေကို ရွေးချယ်ဖို့လည်းလိုအပ်ပါတယ်။

ကလေးတွေ ကို ငယ်တဲ့ အရွယ်ကတည်းက အစားအစာမျိုးစုံကို စမ်းကျွေးကြည့်သင့်ပါတယ်။ ဒါသူကြိုက်တယ် ထင်လို့ ဒါတစ်မျိုးတည်း ကျွေးတာမျိုးတွေ မလုပ်ပါနဲ့။ စုံအောင်ကျွေးပါ။

အတင်းလည်း မကျွေးပါနဲ့။ ကလေးတွေ ဗိုက်ဝရင် တော်ပါပြီ။ ထမင်းပန်းကန် အပြောင်ရှင်းမှ ကျေနပ် တာမျိုးတွေ မဖြစ်ပါစေနဲ့။ ဒါပေမယ့်လည်း ကလေးက တကယ်ဗိုက်ဝတာလား ဂျီတိုက်တာလားတော့ပြန်စဉ်းစားရမယ်ပေါ့နော်။

TV ကြည့်ရင်း ရုပ်ရှင်ကြည့်ရင်း အစားစားတာ၊ ကျွေးတာမျိုးတွေ မလုပ်ပါနဲ့။ ကလေးငယ်တွေက စားတာထက် Screen ပေါ်ကို အာရုံပိုရောက်သွားပါမယ်။ပြီးတော့ သရေစာတွေကျွေးတဲ့အခါ သေချာ ပန်းကန်လေးနဲ့ ထည့်တာ၊ နေရာ သတ်သတ်မှတ်မှတ် ထိုင်ပြီး စားခိုင်းတာလုပ်ပါ။ ဒီတိုင်းအထုပ်က ဖောက်၊ တွေ့ရာနေရာစားနေရင် ကလေးက အကျင့်ပျက်သွားပါမယ်။

အိမ်တွင်းရေးအဆင်မပြေတဲ့ မိသားစုထဲက ကလေးတွေ

အိမ်တွင်းရေးအဆင်မပြေတဲ့ မိသားစုထဲက ကလေးတွေ

အိမ်တွင်းရေးအဆင်မပြေတဲ့ မိသားစုထဲက ကလေးတွေ

အိမ်ထောင်ရေးအဆင်မပြေဖြစ်ကြလို့ ကွဲကွာကြတဲ့အခါ ကျန်ခဲ့တဲ့ ကလေးတွေမှာ အနည်းနဲ့အများ စိတ်ထိခိုက်မှု တွေကတော့ ရှိကြပါတယ်။အိမ်ထောင်တစ်ခု ပြိုကွဲကြတဲ့အခါ မိသားစုတစ်ခုလုံး အပြောင်းအလဲတွေ ကြုံလာကြရပါတယ်။ ကလေးတွေအတွက်တော့ ထိတ်လန့်စရာ၊ ကြောက်စရာ၊ ဝမ်းနည်းစရာတွေနဲ့ပါပဲ။

အရွယ်တော်တော်ငယ်တဲ့ ကလေးတွေမှာ အဖေဘက်သွားနေရမလို အမေဘက်ပဲလိုက်ရမလို နဲ့။ ပြီးတော့ သူတို့ကိုရော တစ်နေ့မချစ်တော့ မှာဆိုတဲ့အတွေးတွေဝင်သွားတတ်ကြပါတယ်။

သိတတ်နေပြီးဖြစ်တဲ့အရွယ်လေး မှာ အဖေနဲ့အမေကွဲကြတာ သူ့ကြောင့်များလား၊ သူဆိုးလို့ ဖြစ်သွားကြတာလားဆိုပြီး အားငယ်စိတ်ဝင်သွားတတ် ပါတယ်။

ဆယ်ကျော်သက်အရွယ်တွေ များ မိဘတွေ အိမ်ထောင်ရေးပြိုကွဲတဲ့ အခါ လက်မခံနိုင်တဲ့စိတ်နဲ့ အရာရာကို ထင်တိုင်းကြဲတတ်ကြပါတယ်။ အဖေကြောင့်လို့ အပြစ်တင်တာ၊ အမေကြောင့်လို့ အပြစ်တင်တာ၊ ဒါမှမဟုတ် မိဘနှစ်ဦးလုံးကို မုန်းတီးသွားတတ်ကြပါတယ်။

မိဘတွေ အိမ်ထောင်ပြိုကွဲတဲ့ ကလေးတွေမှာ တွေ့ရတာ ကျောင်းနဲ့ပက်သက်တဲ့ ကိစ္စတွေအားလုံး လုံးဝထိုးကျသွားတာပါပဲ။ အိမ်တွင်းအခြေအနေတွေကိုပဲ အာရုံရောက်နေတဲ့အခါ ကျောင်းနဲ့ ကျောင်းစာတွေကို စိတ်ဝင်စားခြင်းလုံးဝမရှိတော့တာပါပဲ။

မိဘတွေ အိမ်ထောင်ကွဲတာ ကလေးတွေ လူမှုရေးဘဝတွေကိုပါထိခိုက်ပါတယ်။ အဖေ အမေ တစ်ကွဲ တစ်ပြားနဲ့ ဖြတ်သန်းရတဲ့ ကလေးတွေ အနေနဲ့ တခြား သာမန်ကလေးတွေလိုမဟုတ်ဘဲ ပြောဆိုဆက်ဆံရေး အားနည်းပြီး သိပ်လည်း အဆက်အဆံ မလုပ်ကြပါဘူး။

အိမ်တွင်းရေး အဆင်မပြေတဲ့ မိသားစု မှာ ကြီးပြင်းလာရတဲ့ အတွက် သည်းခံနိုင်စွမ်းနည်းပြီး စိတ်တို စိတ်ဆတ်လည်းလွယ်၊ ဒေါသလည်းဖြစ်လွယ်တဲ့ အတွက် ပြသနာခဏခဏ ဖြစ်တတ်ကြပါတယ်။မိဘတွေ အဆင်မပြေဖြစ်တာကို တွေ့ကြုံရတဲ့အခါ ဒေါသဖြစ်မိကြပါတယ်။

ဒါပေမယ့် အဲ့ဒီဒေါသကို ဘယ်လို ဖြေဖျောက်ရမလဲ မသိ။ ဒါကြောင့် တစ်ခုခုဆိုတာနဲ့ ချုပ်တီးထားတဲ့ဒေါသတွေ ပေါက်ကွဲထွက်တတ်ကြပါတယ်။

လေ့လာချက်တွေအရ ကလေးတွေဟာ မိဘတွေ အိမ်ထောင်ရေး ပြိုကွဲရတာ ဘာကြောင့်လဲလို့ အမြဲတွေးတတ်ကြပါတယ်။ မိဘတွေဘာကြောင့် ကွဲကြတာလဲ သူတို့ကြောင့်များလား ဆိုပြီး အပြစ်ရှိသလိုခံစားကြ ရပါတယ်။

အဲ့ဒီလို စိတ်နဲ့ စိတ်ဓာတ်ကျ၊ စိတ်ဖိစီမှုတွေများပြီး လမ်းလွဲတွေရောက်သွားတတ်ကြပါတယ်။ ဥပမာ – စိတ်ညစ်ရင်း ဆေးလိပ်သောက်တာ၊ တားမြစ်ဆေးသုံးတာတွေကို ဆယ်ကျော်သက်တွေမှာ တွေ့ရတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် အိပ်မပျော်တာ၊ စိတ်ကယောက်ကယက်ဖြစ်တာတွေကြောင့် ကျန်းမာရေးထိခိုက်ဆုံးရှုံးရတွေရှိပါတယ်။ မိဘတွေ အိမ်ထောင်ရေးပြိုကွဲတာကို တွေ့ကြုံရတဲ့ကလေးတွေမှာ နောက်ပိုင်း ကြီးပင်းလာတဲ့အခါ မိသားစုဆိုတာကို အယုံအကြည်မရှိတဲ့ ပြသနာတွေပါကြုံတွေ့လာရပါတယ်။

အိမ်ထောင်တစ်ခုပြိုကွဲရမှုကြောင့် ကလေးတိုင်း လက္ခဏာမပြပေးမယ် စိတ်ထိခိုက်မှုကတော့ အနည်းနဲ့အများ ဆိုသလို ရှိပါတယ်။

ကလေးငယ်လေးများနှင့်တစ်ကိုယ်ရည်သန့်ရှင်းမှု

ကလေးငယ်လေးများနှင့်တစ်ကိုယ်ရည်သန့်ရှင်းမှု

“ကလေးငယ်လေးများနှင့်တစ်ကိုယ်ရည်သန့်ရှင်းမှု”

ကလေးလေးတွေကို တစ်ကိုယ်ရည်သန့်ရှင်းဖို့ နည်းလမ်းတွေ သင်ထားပေးဖို့လိုအပ်ပါတယ်။ ကလေးတွေဆိုတာ မိဘ ကသန့်ရှင်းရေးလုပ်ပေးရတဲ့သေးသေးလေးအရွယ်မှာပဲ အမြဲရှိနေမှာမဟုတ်ပါဘူး။

ကျောင်းတက်ရမယ်။ သူငယ်ချင်းတွေနဲ့ ဆော့ကစားမယ်။ ထိုင်ခုံတွေစားပွဲတွေ တခြား ပစ္စည်းတွေနဲ့ထိတွေ့ရမှာပါ။ ထိတွေ့ရမယ့် ပတ်ဝန်းကျင်၊ပစ္စည်းတွေက သန့်ရှင်းပါမယ်လို့ ဘယ်သူမှ အာမ မခံပါဘူး။ ပြီးတော့ သိတဲ့အတိုင်းပဲ ကလေးတွေဆိုတာ ညစ်ညစ်ပတ်ပတ်ဆိုတာတွေ နားလည်သေးတာမဟုတ်တော့ ရွှံ့ထဲလည်းလူးချင်လူးမှာ။ ဖုံတောထဲလည်းပြေးချင်ပြေးနေမှာ။

အဲ့ဒီတော့ ကလေးလေးတွေကို တစ်ကိုယ်ရည်သန့်ရှင်းမှု ဘယ်လိုလုပ်ရမလဲ ပြောပြထားရမယ်။ ကျောင်းတက်တော့မယ့်အရွယ်ဆို သင်ထားပေးရပါမယ်။

ခေါင်းအစ ခြေအဆုံး တစ်ကိုယ်ရည်သန့်ရှင်းမှုဘယ်လိုထားရမလဲဆိုရင် အရေးကြီးဆုံး (၄)ချက်ကို အရင်သင်ပါ။

၁.လက်ဆေးခြင်း
ဆပ်ပြာနဲ့စနစ်တကျ လက်ဆေးခြင်းဟာ ကလေးတွေကို တော်ရုံဖျားနာရောဂါကူးတာတွေကို ကာကွယ်ပေးပါတယ်။

  • လက်ကညစ်ပတ်တယ်ထင်တဲ့အခါ
  • အစာကို မကိုင်ခင်၊မစားခင်
  • အသားစိမ်း၊ငါးစိမ်းတွေ ကိုင်တာတို့
  • အညစ်အကြေးတွေကိုင်မိတာတို့
  • တိရိစ္ဆာန်တွေကိုကိုင်ပြီးတဲ့အခါ
  • ချောင်းဆိုး၊နှာချေ၊နှားခေါင်းနှိုက်တာတို့
  • အိပ်သာတက်ပြီးတဲ့အချိန် စတာတွေမှာ လက်ကို ဆပ်ပြာနဲ့စနစ်တကျဆေးရပါမယ်။

၂.နှာချေ၊ချောင်းဆိုတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို အုပ်ခြင်း
နှာချေ၊ချောင်းဆိုးခြင်းဟာ ရောဂါပိုးပျံနှံတာ အရမ်းမြန်ပါတယ်။ နှာချေတာဖြစ်ဖြစ်၊ ချောင်းဆိုးတာဖြစ်ဖြစ် နှာခေါင်းနဲ့ပါးစပ်ကို tissue ဒါမှမဟုတ် လက်ကိုင်ပဝါ အုပ်တဲ့အလေ့အကျင့်လေးသင်ထားပေးရပါမယ်။ Tissue ၊လက်ကိုင်ပဝါမရှိရင် တံတောင်ဆစ် ဒါမှမဟုတ်လက်မောင်းနဲ့ပိတ်ကာထားဖို့လိုပါတယ်။

၃.အချိန်မှန် ရေချိုးခြင်း
ကလေးကို ရေချိုးမပျင်းအောင်၊ မကြောက်အောင် သင်ထားရပါမယ်။ ရေချိုးချိန် သတ်သတ်မှတ်မှတ်ထားရှိခြင်းက အထောက်အကူဖြစ်စေပါတယ်။ ရေချိုးတိုင်း ချိုင်းကြား၊ပေါင်းကြားတို့ကို သန့်ရှင်းဖို့ မမေ့ပါနဲ့။

၄.သွားကျန်းမာရေး

  • အနည်းဆုံးမနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ရပါမယ်။
  • တစ်ခါတိုက်ရင် အနည်းဆုံး ၂မိနစ်
  • တက်နိုင်ရင် အချိုတွေစားပြီးရင်ပါ တိုက်ဖို့သင့်ပါတယ်။

၅.အခြား လိုအပ်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုတွေကတော့
ခေါင်းလျှော်ခြင်း တစ်ပတ်ကို အနည်းဆုံးနှစ်ခေါက်လောက်လျှော်ဖို့သင့်ပါတယ်။ လက်သည်း တွေကို အချိန်မှန်ညှပ်ပေးပါ။ ရှည်လာပြီဆို ချေးတွေဝင်လာတတ်ပါတယ်။ အိမ်သာသွားပြီးတိုင်း အပေါ့၊အလေးစွန့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို သန့်ရှင်းရပါမယ်။

အပြင်ကပြန်လာတာဖြစ်ဖြစ် အိပ်ခါနီးဖြစ်ဖြစ် ခြေထောက်ကို သန့်ရှင်းပါ။

en_USEN
my_MMMY en_USEN