(+95)979 811 5566 info@myancare.org
ဆီးချိုရောဂါသည်မိခင်၏ ကိုယ်ဝန်ဆောင်ဘဝ

ဆီးချိုရောဂါသည်မိခင်၏ ကိုယ်ဝန်ဆောင်ဘဝ

ဆီးချိုရောဂါသည်မိခင်၏ ကိုယ်ဝန်ဆောင်ဘဝ

ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း (MBBS)

ဆီးချိုဆိုတာ သွေးထဲမှာ အချိုဓာတ်သကြားဓာတ်တွေလိုအပ်တာထက်များနေတာကိုခေါ်ပါတယ်။ စားလိုက်တဲ့အစားအစာ(ထမင်း, ပေါင်မုန့် )ကနေ Glucose ဆိုတဲ့ သကြားဓာတ်အချိုဓာတ် ထွက်လာပါတယ်။

အဲ့လိုထွက်လာတဲ့အခါ မုန့်ချိုအိတ်လို့ခေါ်တဲ့ pancreas ကနေ အင်ဆူလင်ဆိုတဲ့ဟော်မုန်းကို ထုတ်ပေးပြီး သကြားဓာတ်ကို ခန္ဓာကိုယ်မှာလိုအပ်တဲ့စွမ်းအင် အဖြစ်ပြောင်းလဲအောင်ကူညီပေးပါတယ်။

ဆီးချို ၂မျိုးရှိပါတယ် type 1 နှင့် type 2 လို့ခေါ်ပါတယ်။

Type 1 – မုန့်ချိုအိတ်ကနေ အင်ဆူလင် လုံးဝမထွက်တဲ့ရောဂါပါ။

Type 2- မုန့်ချိုအိတ်ကနေ အင်ဆူလင်လုံလုံလောက်လောက် မထုတ်ပေးနိုင်တာပါ (သို့) ခန္ဓာကိုယ် က ဆဲလ်တွေက အင်ဆူလင်ကို မတုံ့ပြန်နိုင်တော့တဲ့ရောဂါပါ။

နောက်ဆုံးတစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ဆီးချိုပါ ကိုယ်ဝန်ဆောင်ချိန်သွေးထဲမှာအချိုဓာတ်တွေများလာပြီး ကလေးမွေးပြီးရင် ပြန်ကောင်းသွားတာပါ။

ဒီဆောင်းပါးမှာတော့ ဆီးချိုရောဂါသည် မိခင်တွေရဲ့ကိုယ်ဝန်ဆောင်ဘဝကိုပြောမှာဖြစ်ပါတယ်။ ဆီးချိုရောဂါသည်ဖြစ်လို့လည်း သိပ် စိတ်ပူစရာတော့ မရှိပါဘူး ကျန်းမာတဲ့ကလေးမွေးနိုင်ပါတယ်။

သို့ပေမယ့် ဆီးချိုရောဂါရှိတဲ့အတွက်

  • အရွယ်အစားကြီးတဲ့ကလေးမွေးနိုင်လို့ မီးဖွားရခက်တတ်ပါတယ်။
  • သားပျက်သားလျောဖြစ်နိုင်ပါတယ်။
  • ကလေးက ပုံမှန်အတိုင်းမဖွံ့ဖြိုးပဲ ခန္ဓာကိုယ် အစိတ်အပိုင်းချို့ယွင်းချက်တွေရှိနိုင်ပါတယ်။
  • ကလေးမှာ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတွေရှိတတ်ပါတယ်။
  • မွေးပြီးရင် အသက်ရှုလမ်းကြောင်းဆိုင်ရာပြသာနာတွေရှိတတ်လို့ ဆေးရုံမှာမွေးဖွားသင့်ပါတယ်။

ကလေးရော မိခင်ပါ ကျန်းမာဖို့ အတွက် ဆီးချိုကို ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိထဲက ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီး သေချာပုံမှန်ဖြစ်အောင်ထိန်းထားသင့်ပါတယ်။ folic acid ဖောလစ်အက်စစ်ကိုလည်း နေ့စဉ်မှန်မှန် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးရပါမယ်။

ဆေးသောက်နေကျလူဆိုရင်

  • ဆေးတွေလည်းပုံမှန် သောက်ပေးရပါမယ်။
  • သွေးထဲက အချိုဓာတ်ကို အိမ်မှာ လက်ထိပ်ဖောက်စစ်တဲ့ကိရိယာနဲ့ဖြစ်စေ ဆေးခန်းသွားရဲ့ဖြစ်စေ အချိန်မှန်မှန်စစ်ဆေးရပါမယ် ။
  • တစ်ချိန်ထဲမှာပဲ သွေးချိုဓာတ် အရမ်းမနည်းအောင်လည်းဂရုပြုရမှာဖြစ်ပါတယ်။
  • မျက်လုံးကိုလည်း စစ်ဆေးရပါမယ်။ ဆီးချိုကြောင့်နောက်ဆက်တွဲအနေနဲ့ကိုယ်ဝန်ဆောင်ချိန်မှာပိုဆိုးတတ်လို့ပါ။

ကလေးကို ဆေးရုံမှာပဲမွေးသင့်ပါတယ်
မိခင်ရဲ့သွေးထဲမှာအချိုဓာတ်များနေရင် ကလေးဆီကို အချင်းကနေ အချိုဓာတ်တွေတိုက်ရိုက်ရောက်လို့ ကလေးက အင်ဆူလင်ဓာတ်ကို ပိုမိုထုတ်ရတဲ့အတွက် ခန္ဓာကိုယ် အရွယ် အစားကြီးပြီး မွေးတတ်ပါတယ် အဲ့လိုအချိန်မှာဆို မိခင်က ကလေးကို မွေးရတာ အခက်အခဲရှိနိုင်တာမို့ ဆေးရုံမှာ မွေးခြင်းက စိတ်အချရဆုံးဖြစ်ပါတယ်။

ကလေးကိုမွေးပြီးတာနဲ့ချက်ချင်းနို့တိုက်ပေးရပါမယ် ၊ ကလေးသွေးထဲက အချိုဓာတ် ပုံမှန်ဖြစ်နေဖို့ပါ။

ကလေးမီးဖွားပြီးရင်လည်း ဆရာဝန်နဲ့ ပြန်လည်ပြသပြီး ဆီးချိုဆေးတွေပုံမှန်သောက်လို့ ရမရ မေးရပါမယ် ဆေးအတိုးအလျှော့ လုပ်ပေးဖို့ပါ။

ဆီးချိုရောဂါသည်တွေအတွက် အရေးကြီးတဲ့အချက် က အစားအသောက် ကိုသေချာ ဂရုစိုက်စားသုံးရမည့်အပြင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း ဆေးသောက်ဖို့လိုရင်ဆေးပုံမှန်သောက်သုံးခြင်းဖြင့်ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Name ဒေါက်တာ ခင်ဆွေသန်း (M.B.B.S)
Degrees M.B.,B.S (ygn)
Biography

ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။

Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။

Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။

Topic

အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ

ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Address Parami General Hospital, Yangon
en_USEN
my_MMMY en_USEN