(+95)979 811 5566 info@myancare.org
ဖေဖေ မေမေတို့ ဒါကို သိထားပါသလား

ဖေဖေ မေမေတို့ ဒါကို သိထားပါသလား

ဖေဖေ မေမေတို့ ဒါကို သိထားပါသလား။

သားသား မီးမီးလေးတွေ ဟာ ၂ နှစ် ၃ နှစ်အရွယ် ရောက်ပြီဆို အတတ်မြန်တဲ့ အရွယ်လေးတွေ လို့ ပြောလို့ ရပါတယ်။ အဲ့ အရွယ်ဆို လမ်းဘယ်လို လျှောက်ရမလဲ ။ စကားဘယ် လိုပြောရမလဲ စပြီး လေ့လာနေတာက နေ စာဖတ်တာတွေ ၊ ဆေးရောင်စုံခြယ်တာလေးတွေ၊ ဒီပစ္စည်းတွေက ဘာကြီးလဲ ၊ ဒါဘာအရောင်လဲ စတာနဲ့ စူးစမ်းနေတဲ့ အရွယ်လို့လည်း ပြောလို့ရပါတယ်။

ခုလို အရွယ်မှာ ဖေဖေ မေမေတို့ အနေနဲ့ ကိုယ်သင်ပေးချင်တာလေးတွေကို စိတ်ရှည်ရှည်နဲ့ သင်ပေးနိုင်ဖို့က အရေးကြီးလှပါတယ်။ ဥပမာ- စာများများ ဖတ်ပြ ပေးပြီး စာကို ကိုယ်တိုင် ဖတ်နိုင်ဖို့ သင်ပေးတာမျိုးလေးတွေ၊ လမ်းလျှောက်နည်း သင်ပေးတာလေးတွေ၊ အရုပ်ဆက်တာလေးတွေ သင်ပေးလိုက်ရင် မြန်မြန်ပို တတ်ပါတယ်။ ခုလို အချိန်မှာ ကလေး ငြိမ်ရင် ပြီးရောဆို ပြီး ကလေးကို tv တွေ ကာတွန်းကားတွေဘဲ ပြထားပြီး လိုအပ်တာတွေ မသင်ပေးတာ မျိုး မလုပ်သင့်ပါဘူး။

ကလေး တစ်ယောက် မိခင် ဘာသာ စကားကို ပထမဆုံး စသင်တဲ့ အရွယ်လို့လည်း ပြောလို့ ရပါတယ်။ ကလေးတွေရဲ့ အပြုအမူတွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တဲ့ အချိန်ဖြစ်လို့ ဖေဖေ မေမေတို့ အနေနဲ့ ဂရုစိုက်ပြီးတော့ ကိုယ့် ကလေးက ဘယ်လိုမျိုး နေရာမှာ စိတ်ဝင်စားလဲ ဆိုတာကိုပါ တစ်ခါတည်း လေ့လာလို့ ရတဲ့ အချိန်ဘဲဖြစ်ပါတယ်။

ဖေဖေ မေမေတို့ ရဲ့ ကလေးငယ်လေးတွေ ညဘက်ကြီး မရပ်မနား အော်ပြီး ငိုယိုနေတာမျိုးနဲ့ ကြုံဖူးကြမှာပေါ့ ?

ဖေဖေ မေမေတို့ ရဲ့ ကလေးငယ်လေးတွေ ညဘက်ကြီး မရပ်မနား အော်ပြီး ငိုယိုနေတာမျိုးနဲ့ ကြုံဖူးကြမှာပေါ့ ?

ဖေဖေ မေမေတို့ ရဲ့ ကလေးငယ်လေးတွေ ညဘက်ကြီး မရပ်မနား အော်ပြီး ငိုယိုနေတာမျိုးနဲ့ ကြုံဖူးကြမှာပေါ့ ?

သူတို့လေးတွေဟာ ဘယ်လို ခံစားနေရလဲဆိုတာလဲ ပြလဲမပြနိုင် ၊ သိအောင် မပြောတတ်တဲ့ အရွယ်ကလေးတွေပါ။ ငိုတယ်ဆိုတည်း တစ်ခုခုကို ပြောချင်နေလို့ ၊တစ်ခုခုကြောင့် နာကျင်နေလို့ဘဲ ပေါ့နော်။

အဲ့လို ကလေးငယ်လေးတွေ ငိုနေ ရင် ဖေဖေ မေမေတို့ ကမမေ့လျော့ဘဲ ကလေး ရှုးခံ (Diaper) ကို လှန်ကြည့်ကြဖို့လုံး၀ မမေ့ပါနဲ့။

မေမေတို့ ကလေးငယ်လေးတွေကို ဆေးကြောသုတ်သင်ပေးတဲ့ အခါမျိုးမှာကျန်ခဲ့တာ ဖြစ်ဖြစ်၊ ညအိပ်ခါနီး ကလေးလေး ရှုရှုးပေါက်ထားတာ မသိပဲ၊ အချိန်အကြာကြီး ပေါင်ခြံတစ်ဝိုက်မှာ ဆီးတွေ ကျန် နေတဲ့အခါမှာမျိုး မှာဖြစ်ဖြစ် ဆီးပူလောင်တာ မျိုးကို ကြုံတွေ့ ရလေ့ရှိပါတယ်။

ကလေးလေးတွေရဲ့ အသားအရေ ဟာ အင်မတန်မှ နူးညံ့လှပါတယ်။ ရှုးရှုး ၊ အီအီး ၊ ရေ အစရှိသည်တို့က ကလးငယ်ရဲ့ အရေပြားပေါ်မှာ အချိန်ကြာကြာရှိနေတဲ့ အခါမှာ ပွတ်ရင်းတိုက်ရင်းနဲ့ပေါင်ခြံ တစ်ဝိုက် ယောင်ရမ်းကာ အရေပြားကပူလောင်ပြီး နာလို့ အော်ငိုလေ့ ရှိပါတယ်။

ဒီလို အချိန်မျိုးမှာ ဖေဖေ မေမေတို့ အနေနဲ့ ဘယ်လို လုပ်ပေးကြပါသလဲ။
ညကြီး အချိန်မတော် တဗြဗြဲနဲ့အော်ငိုနေတဲ့ ကလေးလေး အတွက် ဘာလုပ်ပေးနိုင်မလဲ၊ ဘာတွေ လုပ်ပေးဖို့လိုမလဲ? ။

ကျွန်မတို့ ရင်သွေး Call Center ဟာ ကလေးအထူးပြုကျွမ်းကျင်သော ဆရာဝန်များဖြင့် ၂၄ နာရီ (၇)ရက် ပိတ်ရက်မရှိ အထူးနွေးထွေး ထိရောက်စွာ ဝန်ဆောင်မှုပေးနေပါတယ်။ မေမေတို့ စိတ်ကြိုက်၊ အဆင်ပြေတဲ့အချိန်၊ အရေးကြီးရင် ကြီးသလို မနက် ၂ နာရီ၊ ၄ နာရီလဲ ခေါ်ဆိုနိုင်ပါတယ်။ နေရာဒေသ မရွေး မြန်မာနိုင်ငံ အနှံ့မှခေါ်ပြီး မေးမြန်းနိုင်တဲ့ ဝန်ဆောင်မှုလည်းဖြစ်ပါတယ်။

en_USEN
my_MMMY en_USEN