(+95)979 811 5566 info@myancare.org
ရင်သားကင်ဆာနှင့်အစာအာဟာရ

ရင်သားကင်ဆာနှင့်အစာအာဟာရ

ရင်သားကင်ဆာနှင့်အစာအာဟာရ

ရေးသားသူ – ဒေါက်တာ စိုးမြင့်ဝင်း

မည့်သည့်အစားအစာ မည့်သည့်စားသောက်ပုံ ပုံစံကမျှ ကင်ဆာကိုထိထိရောက်ရောက်ကာကွယ်သလို ၊ တိတိပပ ဖြစ်စေနိုင်တယ်ဆိုတာမရှိပါဘူး။

သို့ပင်မဲ့ လူတစ်ယောက်ရဲ့ ကျန်းမာတဲ့နေ့စဉ် အစားအစာရွေးချယ်စားသောက်မှုပုံစံတွေကတော့ နောက် နှစ်အနည်းငယ်ကြာတဲ့အချိန်မှာ ကင်ဆာရောဂါဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်ပါတယ်လို့လက်ခံထားကြပါတယ်။
ယေဘုယျအားဖြင့် အောက်မှာဖော်ပြပေးတဲ့အစားအစာတွေကိုနေ့စဉ် စားနေတဲ့ ကိုယ့်ထမင်းပန်းကန်ထဲမှာ ပါအောင်ကြိုးစားစားပေးရင် ကျန်းမာတဲ့ ကိုယ်ခန္ဓာ အချိုးအစားကိုထိန်းသိမ်းပေးနိုင်ရုံသာမက ကင်ဆာရောဂါတွေဖြစ်ပွားမှုတွေကိုလျော့ချပေးနိုင်ပါလိမ့်မယ်။

(၁)အသီးအနှံ နှင့်ဟင်းသီးဟင်းရွက် အမျိုးအစားစုံလင်အောင်စားပါ။

(၂) အမျှင်ဓာတ်များတဲ့ အစားအစာတွေကိုပိုမိုရွေးချယ်စားသုံးပေးပါ။ဉပမာ- ပေါင်မုန့်ညို၊ဆန်လုံးညို၊ပဲအမျိုးမျိုး

(၃)ပဲနို့ နှင့်ပဲပိစပ် ဆက်စပ်သောအစားအစာများစားပေးပါ

(၄)ဗီတာမင် ဒီနှင့် အိုမီဂါ ကြွယ်ဝသောအစားအစာများတိုးလို့စားပေးပါ။

(၁)အသီးအနှံ နှင့်ဟင်းသီးဟင်းရွက်
လေ့လာတွေ့ရှိချက်တွေမှာ အသီးအနှံနှင့်ဟင်းသီးဟင်းရွက်အစားများသူတွေဟာ အသားနှင့်တခြားနို့ထွက်ပစ္စည်းတွေအဓိကစားသူတွေထက်၁၅ရာခိုင်နှုန်းရင်သားကင်ဆာဖြစ်ပွားမှုကိုလျော့ချပေးနိုင်ပါတယ်လို့ဆိုပါတယ်။
ဒီအစားအစာတွေကပါတဲ့ ဗီတာမင်နဲ့ ဖလေဖိုနွိုက် ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ ဟာကြွယ်ဝ နေတာကြောင့်ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။အထူးသဖြင့် အစိမ်းရောင်နှင့်အစိမ်းရင့်ရောင် ဟင်းရွက်တွေ ၊သစ်တော်သီး ၊ဘယ်ရီသီး လိုအသီးတွေ ၊ ပဲအမျိုးမျိုးတွေဟာ အဓိကစားပေးဖို့လိုတယ်လို့တွေ့ရှိရပါတယ်။

အမေရိကန် အစားအစာ အာဟာရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကိုတစ်နေ့ ကိုတရုတ်ပန်းကန်လုံး တစ်လုံးကနေ ၂လုံးအထိ စားပေးပါလို့အကြံပြုထားပါတယ်။

(၂) အမျှင်ဓာတ်များတဲ့ အစားအစာ
ရင်သားကင်ဆာဟာအီစတိုဂျင်လို့ခေါ်တဲ့ဓာတ်အလွန်းအမင်းများပြားတာကြောင့်ဖြစ်နိုင်သလို၊ဖြစ်နေတဲ့အချိန်မှာ ကင်ဆာဆဲလ်ကို ပိုအပွားမြန်အောင်၊ကူညီပေးတတ်ပါတယ်။ဒါကြောင့်ဆေးကုသမှုအများစုဟာ ခန္ဓာကိုယ်ထဲက ဒီဓာတ်ကိုလျော့ချစေချင်တာဖြစ်ပါတယ်။

အမျှင်ဓာတ်ဟာ ရင်သားကင်ဆာကိုဖြစ်စေတဲ့ အီစတိုဂျင် ဓာတ်ကို ခန္ဓာကိုယ်က စွန့်ထုတ်တဲ့နေရာမှုအကူအညီပေးနိုင်သလို၊ အစာခြေ စနစ်မှု အီစတိုဂျင် ဓာတ်ကိုခန္ဓာကိုယ်အတွင်းစုပ်ယူမှုကိုလဲလျော့ကျစေပါတယ်။

ဒါကြောင့်ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း၊ oat meal ၊ chia seed ၊ အမျှင်ဓာတ်များတဲ့ဟင်းသီးဟင်းရွက် အသီးအနှံ အစရှိတဲ့အမျှင်ဓာတ်များတဲ့အစားအစာတွေကိုစားပေးခြင်းဟာ ရင်သားကင်ဆာကိုကာကွယ်ပေးနိုင်သလို ဖြစ်နေတဲ့သူမှာလဲ ကုသနေမှုကို အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ အမေရိကန် အာဟာရ အဖွဲ့လမ်းညွန်ချက်အရ အမျှင်ဓာတ်တစ်နေ့ကို ၃၃ ဂရမ်စားပေးဖို့လိုအပ်တယ်လို့ဆိုပါတယ်။

(၃)ပဲနို့ နှင့်ပဲပိစပ် ဆက်စပ်သောအစားအစာများ
ပဲပိစပ်နဲ့ ပဲနို့၊ပဲပြား စတာတွေ ဟာ သဘာဝ က ပေးတဲ့ အပင် က ရနိုင်တဲ့ အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပါတယ်။ သူတို့မှာ isoflavone လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အရာတွေများစွားပါဝင်ပါတယ်။

ဒါတင်မကပါဘူးသွေးတွင်းအဆီဓာတ်တွေကိုပါလျှော့ချပေးနိုင်တဲ့အစွမ်းကြောင့်ရင်သားကင်ဆာကိုတဖက်တလမ်းကနေကာကွယ်ပေးနိုင်ပါတယ်။

(၄)ဗီတာမင် ဒီနှင့် အိုမီဂါ ကြွယ်ဝသောအစားအစာများ
သံလွင်ဆီ၊ထောပတ်သီး၊အစေ့အဆံများ၊ပင်လယ်ငါးနဲ့ အိုမီဂါကြွယ်ဝတဲ့ငါးတွေဟာ သွေးတွင်းအဆီဓာတ်ကိုကျစေပြီး ရင်သားကင်ဆာကိုလဲကာကွယ်ပေးနိုင်ကြပါတယ် ။

Name ဒေါက်တာ စိုးမြင့်ဝင်း
Degrees M.B.,B.S (ygn)
Biography Graduated from UM1 2019 Currently Studying Msc Nutrition & Dietectic Currently Working as Medical Officer at yin thway call center.
Topic
  • အထွေထွေကျန်းမာရေးဆိုင်ရာ
  • ကလေး ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများ
  • မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာ ကျွေး ရန်သိမှတ်ဖွယ်ရာမျးာ
  • ကလေး ကြီးထွားမှုနှင့် ဉာဏ်ရည်မြင့်မားမှုအတွက်အာဟာရဆိုင်ရာ အကြံပေးချက်များ
  • ဆီးချို၊သွေးတိုး လူနာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • ကျောက်ကပ်လူနာများ၊ကင်ဆာရောဂါ လူမမာများအတွက် အထူးအစာအာဟာရအကြံပေးချက်များ
  • အဝလွန်သူများ၊ကိုယ်အလေးချိန် အာဟာရမျှတစွာလျော့လိုသူများအတွက် DIET planများ
  • အစာအိမ်ရောင် ခြင်း၊အစာအိမ်မကြာခဏမအီမသာဖြစ်သူများ၊ဝမ်းချုပ်သူများအတွက် အာဟာရအကြံပေးမှုများ
  • အဘိုးအဖွား များအတွက် ပိုမိုအားဖြစ်စေ၍ ပိုမိုကျန်းမာစေ သော အာဟာရ အကြံပေး မှုများကို
    • ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။

Address Parami General Hospital
en_USEN
my_MMMY en_USEN