(+95)979 811 5566 info@myancare.org
ကလေးငယ်များအတွက် မှန်ကန်သော အစားအစာများရွေးချယ်ပေးခြင်း

ကလေးငယ်များအတွက် မှန်ကန်သော အစားအစာများရွေးချယ်ပေးခြင်း

ကလေးငယ်များအတွက် မှန်ကန်သော အစားအစာများရွေးချယ်ပေးခြင်း

ကလေးငယ်လေးတွေကို ဘာကျွေးကြမလဲဆိုတာ သားသားမီးမီတို့ရဲ့မိဘတွေ အထူးသဖြင့် မြန်မာနိုင်ငံမှာဆို မေမေတွေ တော်တော် စဉ်းစားရတဲ့ အလုပ်တစ်ခုပါ။ ကလေးငယ်လေးတွေ အာဟာရပြည့်ဖို့ ကျန်းမာဖို့ အစားအစာ ဟာ အရေးကြီးမှန်း သိကြပါတယ်။
မှန်ကန်တဲ့ အစားအစာဟာ ကလေးတွေရဲ့

  • စွမ်းအင်လိုအပ်ချက်ကို မျှတစေတယ်
  • ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးတယ်
  • ခန္ဓာကိုယ်အလေးချိန်ကို မှန်ကန်စေတယ်
  • စိတ်ပိုင်းဆိုင်ရာလည်း ပိုကျန်းမာစေပါတယ်။

အစားအစာကို မှန်မှန်ကန်ကန်ရွေးချယ်ပြီး ကလေးတွေကို စားသုံးစေတာ တော်ရုံရောဂါ ဖျားနားတာတွေကို ကာကွယ်ပေးပါသေးတယ်။

ကလေးအသက် ၆လ အထိကတော့ မိခင်နို့တစ်မျိုးတည်းကို တိုက်ကျွေးပါနော်။ ရေတောင်မတိုက်ရပါဘူး။

အသက် ၆လ ကျော်ပြီး ဖြည့်စွက်စာ ကျွေးတော့မယ်ဆိုရင် ဒီ Tips လေးတွေ ထပ်စဉ်းစားပြီး အစားအစာကို ရွေးချယ်ကြည့်ပါ။

တစ်နေ့တာရဲ့အစ မနက်စာကနေ စပြင်ဆင်ရပါမယ်။ မနက်စာကို အသားဓာတ်(protein) များများပါတဲ့ အစားတွေကို စကျွေးပါ။ Protein များများပါတဲ့ အစာဟာ အဆာခံနိုင်သလို အားလည်းပြည့်စေပါတယ်။

နေ့လယ်စာတို့ ညစာတို့က အဓိကအစားအစာဖြစ်ကြောင်း ကလေးငယ်တွေသိပါစေ။ အချိန်မှန်မှန် နဲ့ သေချာ ထိုင်စားခိုင်းပါ။ နေ့လယ်စာ ညစာ စားချိန်တို့ နီးလာပြီးဆို တခြား သရေစာ ကျွေးတာတွေမလုပ်ပါနဲ့တော့။ ကလေးက ပြည့်အင်ပြီး မစားနိုင်တာတွေဖြစ်လို့ပါ။

ဈေးဝယ်ထွက်တဲ့အခါ ကလေးတွေကိုပါ ခေါ်ပြီး ဘယ်ဟာတွေက ပိုစားသင့်တယ်။ ဘယ်ဟာတွေကတော့ဖြင့် နည်းနည်းပဲ စားရမယ် ဈေးဝယ်ထွက်ရင်း တစ်ခါတည်း သင်ပေးပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပြပြီး စားတဲ့အကျင့်ကို ကျင့်ယူပေးပါ။
ဥပမာ – ဆိုဒါအချိုရည်တွေ အစား ရေများများသောက်ဖို့တို့၊ မလိုင်ပြည့် နွားနို့အစား မလိုင်အဆီနည်းတဲ့ နွားနို့ စတာတွေ လေ့ကျင့်ပေးပါ။

အချို၊ အငန်၊ အဆီ စားသုံးတာတွေ ကန့်သတ်ထားပါ။ ငယ်ငယ်လေးကတည်းက သင်ကြားပေးမှ အရွယ်ရောက်လာတဲ့အခါ အချို၊ အငန်၊ အဆီ စားသုံးတာ ကျန်းမာရေးနဲ့ အညီ သုံးတတ်လာမှာ။ အချို၊ အငန်၊ အဆီတို့ကို ငယ်ငယ်ကတည်းက အများကြီးစားရင် မလိုလားအပ်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

အသီးအနှံတွေများများစားဖို့ တိုက်တွန်းရပါမယ်။ အသီးအနှံတွေ များများကျွေးဖို့ဆို ပထမဆုံးအနေနဲ့ သရေစာ အချိုတွေ ကျွေးတာ လျော့ဖို့ပါပဲ။ အိမ်မှာ သရေစာ သကြားလုံး အချိုမှုန့်တို့ အစား သစ်သီးတွေ ထားပေးခြင်းက ကလေးငယ်တွေ ဗိုက်ဆာတဲ့အခါ အသီးအနှံတွေ များများစားစေမှာဖြစ်ပါတယ်။

မိဘတွေအနေနဲ့ ကလေးတွေရဲ့ ရှေ့ဆောင်စံပြအနေနဲ့ မှန်ကန်တဲ့ အစားအစာတွေကို ရွေးချယ်ဖို့လည်းလိုအပ်ပါတယ်။

ကလေးတွေ ကို ငယ်တဲ့ အရွယ်ကတည်းက အစားအစာမျိုးစုံကို စမ်းကျွေးကြည့်သင့်ပါတယ်။ ဒါသူကြိုက်တယ် ထင်လို့ ဒါတစ်မျိုးတည်း ကျွေးတာမျိုးတွေ မလုပ်ပါနဲ့။ စုံအောင်ကျွေးပါ။

အတင်းလည်း မကျွေးပါနဲ့။ ကလေးတွေ ဗိုက်ဝရင် တော်ပါပြီ။ ထမင်းပန်းကန် အပြောင်ရှင်းမှ ကျေနပ် တာမျိုးတွေ မဖြစ်ပါစေနဲ့။ ဒါပေမယ့်လည်း ကလေးက တကယ်ဗိုက်ဝတာလား ဂျီတိုက်တာလားတော့ပြန်စဉ်းစားရမယ်ပေါ့နော်။

TV ကြည့်ရင်း ရုပ်ရှင်ကြည့်ရင်း အစားစားတာ၊ ကျွေးတာမျိုးတွေ မလုပ်ပါနဲ့။ ကလေးငယ်တွေက စားတာထက် Screen ပေါ်ကို အာရုံပိုရောက်သွားပါမယ်။ပြီးတော့ သရေစာတွေကျွေးတဲ့အခါ သေချာ ပန်းကန်လေးနဲ့ ထည့်တာ၊ နေရာ သတ်သတ်မှတ်မှတ် ထိုင်ပြီး စားခိုင်းတာလုပ်ပါ။ ဒီတိုင်းအထုပ်က ဖောက်၊ တွေ့ရာနေရာစားနေရင် ကလေးက အကျင့်ပျက်သွားပါမယ်။

နွေရာသီမှာတောင် မိခင်နို့လှိုင်လှိုင်ထွက်စေမယ့် အစားအသောက်များ

နွေရာသီမှာတောင် မိခင်နို့လှိုင်လှိုင်ထွက်စေမယ့် အစားအသောက်များ

နွေရာသီမှာတောင် မိခင်နို့လှိုင်လှိုင်ထွက်စေမယ့် အစားအသောက်များ

ခေတ်သစ်မေမေတို့ရေ ဘေဘီလေးတွေ နို့မဝလို့ ငိုတဲ့အခါ အသည်းခိုက်အောင် ရင်ထဲမကောင်းဖြစ်နေကြပြီလား ။ မိခင်နို့လှိုင်လှိုင်ထွက်သူတွေကို အားကျပြီး ကိုယ်တွေ မိခင်နို့လှိုင်လှိုင်ထွက်အောင် ဘယ်လိုလုပ်ရမလဲ ၊ ဘယ်လိုတွေ စားသောက်နေထိုင်ရမလဲဆိုတာ ကို လေ့လာမေးမြန်းရတာအလုပ်တစ်လုပ်ပါနော်။

ပူပြင်းတဲ့နွေရာသီမှာ မိခင်တွေ နို့ပေါပေါထွက်စေဖို့ စားသောက်ရမယ့် အစားအစာလေးတွေကို YinThway Call Center ကနေပြောပြပေးပါရပါစေရှင်။

  • ဗိုက်တာမင်ဘီ နှင့် အမျှင်ဓာတ်တွေပါဝင်တဲ့ ပေါင်မုန့်၊ပါစတာ၊ထမင်း ၊ အုတ်ဂျုံ(Oat Meal )၊ဆန်လုံးညိုတွေကို များများစားပေးပါရှင် ။
  • ဆော်လမွန်ငါးနဲ့ ဆာဒင်း ( ငါးသေတ္တာငါး)တွေကိုများများစားပေးပါရှင်။ဒီငါးတွေကိုစားခြင်းကြောင့် မိခင်နို့လှိုင်စေရုံသာမကဘဲ ကလေးငယ်ရဲ့ ညာဏ်ရည်ဖွံ့ဖြိုးမှုကိုပါ အထောက်အကူဖြစ်စေပါလိမ့်မယ်။
  • အမဲသားကိုလည်းစားပေးနိုင်ပါတယ်။အမဲသားဟာ မိခင်တွေရဲ့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးတဲ့အပြင် နို့တိုက်မိခင်တွေလိုအပ်တဲ့ သံဓာတ် နဲ့ သတ္တုဓာတ်တွေကိုဖြည့်တင်းပေးမှာပါ။
  • ကြက်ဥ၊ ဘဲဥတွေကိုလည်းစားပေးနိုင်ပါတယ်။ကလေးတစ်ဖက်နဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ ကြက်ဥ၊ဘဲဥပြုတ်လေးတွေစားလိုက်ရုံနဲ့ ဗိုက်ဝစေတဲ့အပြင် ကလေးငယ်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်။လေ့လာချက်အသစ်တွေအရ ဒီလိုဥတွေကိုစားခြင်းက ကိုလက်စထရောမတက်စေဘူးလို့လည်းဆိုပါတယ်။
  • ရေများများသောက်ပါ။ ရေ ၊ ရေ၊ ရေ လို့ ပါးစပ်က မချတဲ့ အထိ ရေကို များနိုင်သလောက်များများသောက်ပေးပါနော်။ ဘေဘီလေးကိုနို့မတိုက်ခင်မှာ ရေတစ်ခွက် ၊ နို့တိုက်ပြီးတဲ့အခါ မှာရေတစ်ခွက် သတိတရနဲ့သောက်ပေးပါနော် ။

ရေ ကိုလုံလုံလောက်လောက်သောက်မှသာ နို့လှိုင်လှိုင်ထွက်ဖို့ ကူညီပါလိမ့်မယ် ။ ဒါ့အပြင် ကာဖိန်းဓာတ်မပါဝင်တဲ့ ၊အချိုဓာတ်မပါဝင်တဲ့ ဖျော်ရည်တွေကိုလည်း သောက်ပေးလို့ရပါတယ်ရှင် ။

ကဲ ၊ ဒါဆို အခုလို နွေရာသီမှာတောင် မေမေတွေ နို့လှိုင်လှိုင်ထွက်ဖို့ စိတ်မညစ်ရတော့ဘူးပေါ့ ရှင်။

ကလေးဖျားနေရင်ဘာတွေကျွေးလို့ရလဲ?

ကလေးဖျားနေရင်ဘာတွေကျွေးလို့ရလဲ?

ကလေးဖျားနေရင်ဘာတွေကျွေးလို့ရလဲ?

ဖေဖေ မေမေတို့အမေးများကြတဲ့မေးခွန်းပါပဲ!

  • ကလေးဖျားတဲ့အခါ အရည်များများဝင်အောင်တိုက်ပေးပါ။ ဖျားတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်တွေဆုံးရှုံးပါတယ်။
  • အိမ်မှာ သန့်သန့်ရှင်းရှင်းပူပူနွေးနွေး ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာများကိုကျွေးပါ။
    ကလေးစားနိုင်ရင် ပုံမှန် အစားအစာအားလုံးကျွေးနိုင်ပါတယ်။
  • ဆန်ပြုတ်၊စွပ်ပြုတ်၊မြူစွမ်ပြုတ်စတဲ့ အရည်အဖတ်ရော ကျေညက်လွယ်တဲ့ အစားအစာတွေအပြင်ထမင်းလည်းကျွေးလို့ရပါတယ်။
  • သွေးလွန်တုပ်ကွေးလို့ သံသယရှိတယ်ဆိုရင်တော့ အနီရောင်၊အညိုရောင်၊အမဲရောင် ပါတဲ့အစားအစာများရှောင်ပြီး ကျွေးပါ။
  • အူရောင်ငန်းဖျားရောဂါမှာဆိုရင်တော့ အဖျားနဲ့ ကလေးရဲ့အခြေအနေပေါ်မူတည်ပြီး အစာအမာရှောင်ရတာမျိုးရှိပါတယ်။

ဒါပေမယ့် ကလေးရဲ့ဆရာဝန်က အူရောင်ငန်းဖျားကိုသံသယရှိပြီး ရှောင်ခိုင်းမှသာ ရှောင်ဖို့လိုပါတယ်။ ပုံမှန်အားဖြင့်တော့ ရှောင်စရာမလိုပါဘူး။

ကလေးဖျားပြီဆို မေမေ ဖေဖေတို.စိတ်ပူတတ်ကြတာပေါ့။

  • အစားရောလုံလောက်တဲ့ပမာဏဝင်နေရဲ့လား။
  • အိမ်မှာဘယ်လိုပြုစုစောင့်ရှောက်ပေးရမလဲ။
  • ဆေးရုံ၊ဆေးခန်းပြန်ပြသင့်တဲ့ လက္ခဏာကဘာတွေလဲ ဆိုတာတွေကို သိချင်တတ်ကြပါတယ်။

ရင်သွေး call center က ဒီလိုအချိန်မျိုးတွေမှာ ကလေးမိဘတွေကိုအကူအညီပေးနိုင်ဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။

ကလေးကို အိမ်မှာပြုစုပေးနေတဲ့ အချိန်တွေမှာ ဆရာဝန်တစ်ယောက်နဲ့ လှမ်းပြီးတိုင်ပင်နိုင်တယ်ဆိုတော့ ပိုပြီးစိတ်ချရတာပေါ့။

ကလေးတစ်ဦးချင်းဆီအလိုက် အခြေအနေပေါ်မူတည်ပြီး တိုင်ပင်ဆွေးနွေးပေးနိုင်တော့ မေမေ ဖေဖေတို.ရဲ့ အခက်အခဲတွေ စိတ်ပူပန်မှုတွေကို ပြေလည်နိုင်စေမှာပါ။

COVID-19 ကြောင့် အိမ်မှာပဲ နေထိုင်တဲ့အခါ ကိုယ်ခံအားကောင်းမွန်အောင်ဘယ်လို စားသောက်နေထိုင်သင့်သလဲ ?

COVID-19 ကြောင့် အိမ်မှာပဲ နေထိုင်တဲ့အခါ ကိုယ်ခံအားကောင်းမွန်အောင်ဘယ်လို စားသောက်နေထိုင်သင့်သလဲ ?

COVID-19 ကြောင့် အိမ်မှာပဲ နေထိုင်တဲ့အခါ ကိုယ်ခံအားကောင်းမွန်အောင်ဘယ်လို စားသောက်နေထိုင်သင့်သလဲ ?

ဆရာဝန်များ၏ အတည်ပြုချက်များအရ ကိုယ်ခံအား ကောင်းမွန်နေခြင်းဟာ ရောဂါတော်တော်များများကူးစက်မှုမှ ကာကွယ်နိုင်ပါတယ်။
ကိုယ်ခံအားကို မြှင့်တင်ရာတွင် အစားအသောက်ကိုလည်း ဂရုစိုက်ရမှာဖြစ်ပါတယ်။ ကိုယ်ခံအားကို မြှင့်တင်စေနိုင်သော အစားအစာများကို ရွေးချယ်ပြီး စားသုံးပေးမှသာ ကိုယ်ခံအားကောင်းမွန်လာမှာလည်းဖြစ်ပါတယ်။

ကိုယ်ခံအားကိုကောင်းမွန်စေပြီး ဗီတာမင် C ကြွယ်ဝသောအစားအစာများ၊ ချဉ်သောအရသာရှိသည့် သံပုရာ၊ သံပုရို၊ ရှောက်သီး၊ လိမ္မော်၊ ကမ္ဗလာ၊ ရှောက်ချို အစရှိသည့် အသီးများကို စားသုံးပေးခြင်းဟာဆိုရင် ကူးစက်ရောဂါများကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဗီတာမင် D ဓာတ်များပါဝင်တဲ့ ငါး၊ ဆော်လမွန်ငါးနှင့် ငါးကြီးဆီ အစရှိသည့်ငါးတို့ကို စားသုံးပေးခြင်းဖြင့်လည်း ကိုယ်ခံအားကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

ယခုလို COVID-19 အချိန်ကာလမျိုးမှာ မိမိကိုယ်ကို ကျန်းမာရေးနှင့် ညီညွှတ်စွာ စားသောက်ပေးဖို့ အထူးလိုအပ်သလို ကိုယ်ခံအားကောင်မွန်အောင် ဂရုစိုက်ပေးဖို့လည်းလိုအပ်ပါတယ်။

မိမိတို့အိမ်မှာပဲ ကျန်းမာစွာ နေထိုင်စားသောက်ပြီး COVID-19 ကူးစက်မှုမှ ကာကွယ်လိုက်ပါ

en_USEN
my_MMMY en_USEN