(+95)979 811 5566 info@myancare.org
ရာသီဥတု အပြောင်းအလဲများတွင် ကလေးငယ်အများစု ဖျားနားခြင်း

ရာသီဥတု အပြောင်းအလဲများတွင် ကလေးငယ်အများစု ဖျားနားခြင်း

ကလေးငယ်အများစုသည် ရာသီဥတု အပြောင်းအလဲများတွင် ဖျားနာလေ့ရှိကြပါတယ်။ Seasonal influenza ခေါ် ရာသီတုပ်ကွေး သည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါတစ်ခု ဖြစ်ပြီးတော့ အသက်ရှူလမ်းကြောင်းက နေ တစ်ဆင့်ဘဲ ကူးစက်တတ်ပါတယ်။

ရာသီတုပ်ကွေးဖြစ်ကြောင်း သိသာနိုင်တဲ့ ရောဂါ လက္ခဏာများကတော့-

  1. ဖျားခြင်း
  2. နှာရည်ယို ၊ နှာချေခြင်းကို တွေ့ရခြင်း
  3. လည်ချောင်းနာခြင်း ၊ အာသီးယောင်ခြင်း
  4. ကိုယ်တွေ လက်တွေ ကိုက်ခဲနေခြင်း
  5. ချောင်းဆိုးခြင်း ၊ အသက်ရှူမဝခြင်း
  6. အစားအသောက်ပျက်ခြင်း စသည့် လက္ခဏာ တို့ကို တွေ့ရတတ်ပါတယ်။

ရာသီတုပ်ကွေးက မိုးတွင်း တွင်သော်လည်းကောင်း ၊ ဆောင်းဦးကျ ကာလများတွင်သော်လည်းကောင်း အဖြစ်များပါတယ်။ ကူးစက်နိုင်တဲ့ နည်းလမ်းများက လည်း အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်နိုင်ပြီးတော့ ရောဂါဖြစ်သူဧ။် အသုံးအဆောင် ပစ္စည်းများကို ကိုယ်တွယ်ခြင်းဖြင့်လည်း ကူးစက်နိုင်ပါတယ်။

ကလေးငယ်လေးများ ရာသီတုပ်ကွေး မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ။

  • အပြင်မှ ပြန်ရောက်လျှင် (အထူးသဖြင့် လူနေထူထပ်သော နေရာများမှ ပြန်ရောက်လျှင်) လက်ကို ဆပ်ပြာ ဖြင့် စင်ကြယ်စွာ ဆေးကြောပေးဖို့ လိုပါတယ်။
  • နှာချေ ၊ ချောင်းဆိုးခြင်း ကို ကာကွယ်နိုင်ရန် အတွက်လည်း မျက်နှာဖုံး များကို တပ်ဆင်ပေးထားဖို့လိုပါတယ်။
  • အာဟာရ ပြည့်ဝတဲ့ အစားအသောက် များကို စားသုံးဖို့လိုပြီးတော့ ကောင်းမွန်စွာ အိပ်စက်အနားယူရန် လည်း လိုအပ်ပါတယ် ရှင်။
ကလေးငယ်တွေ ဖျားပြီ ဆိုရင်……

ကလေးငယ်တွေ ဖျားပြီ ဆိုရင်……

ကလေးငယ်တွေ ဖျားပြီ ဆိုရင်……

ပထမဆုံး လုပ်သင့်တဲ့ အချက်ကတော့ သေသေချာချာ တိကျတဲ့ ရောဂါ အချက်အလက် ရှာဖွေခြင်းပဲ ဖြစ်ပါတယ် ။

လိုအပ်လျှင် လိုအပ်သလို သွေးစစ်ခြင်း ဆီးစစ်ခြင်း ဓာတ်မှန်ရိုက်ခြင်းတို့ ကို ပြုလုပ်သင့်ပေမယ့် တော်ရုံတန်ရုံ အဖျားအများစုကတော့ ဒါတွေ မလိုအပ်ပါဘူး ။

အဖျားကပြင်းထန်ပြီး ရက်ကြာနေမယ်ဆိုရင်တော့ ၊ ဖြစ်တဲ့ အကြောင်းအရာကို အလွယ်တကူ ရှာမရဘူးဆိုရင်တော့ ဓာတ်ခွဲစမ်းသပ်မှု ဓာတ်မှန်စမ်းသပ်မှု တို့ အာလ်ထရာ ဆောင်းရိုက်တာတို့ရဲ့ အကူအညီယူသင့်ပါတယ် ။

ဖျားလာပြီ ဆိုတာနဲ့ သတိထားကြည့်သင့်တဲ့ အရာတွေ ကတော့ ဖျားတာ ဘယ်နှရက်ရှိပြီလဲ ၊ ကိုယ်အရမ်းပူလား ငွေ့ငွေ့လေးပဲလား ၊ အရမ်းမှိန်းသလား ၊ အန်သလား ၊ တက်သလား ပြီးတော့ အခြားရောဂါ ကိုပြတဲ့ လက္ခဏာတွေ ဥပမာ ချောင်းဆိုး နှာစေးလား ၊ ဝမ်းသွားလား ၊ ဆီးကျင်လား ၊ လည်ချောင်းနာလား စတာတွေကို သတိထားကြည့်သင့်ပါတယ် ။

crd (ပါမောက္ခ ဆရာဒေါက်တာ ဦးစောဝင်း)

သားသားမီးမီးတို့ ဖျားနားခြင်း လွယ်လွယ် ကူကူ မဖြစ်အောင် ကိုယ်ခံအားကောင်းဖို့ လိုအပ်ပါတယ်။

ကိုယ်ခံအား အမြဲကောင်းနေစေဖို့ ….

  • ကလေးကို ဘယ်လိုတွေ ဝတ်ဆင်ပေးသင့်လည်း?
  • ကလေးရဲ့ အသက်အလိုက် မျှတတဲ့ ကိုယ်အလေးချိန် နဲ့ အရပ် ရှိလား?
  • ကလေး ရဲ့ နေထိုင်စားသောက်မှု ပုံစံ တွေရော မှန်ကန် ရဲ့ လား?
  • မျှတတဲ့ ကိုယ်လက်လှုပ် ရှားမှုတွေရော ရှိရဲ့လား?
  • အာဟာရ တန်ဖိုး ပြည့်ဝပြီး ကျန်းမာစေတဲ့ အစားအသောက် တွေကို ဘယ်လို့ရွေးချယ်သင့်လဲ?
သားသားမီးမီးတို့ ဖျားတဲ့အခါ ဘယ်လိုပြုစုရမလဲ?

သားသားမီးမီးတို့ ဖျားတဲ့အခါ ဘယ်လိုပြုစုရမလဲ?

သားသားမီးမီးတို့ ဖျားတဲ့အခါ ဘယ်လိုပြုစုရမလဲ? ကလေးငယ်တွေ ဖျားတဲ့အခါ

  • အရည်များများဝင်အောင် တိုက်ရပါမယ်။ ဖျားတဲ့အခါ ခန္ဓာကိုယ်က အရည်များများ ပိုလိုပါတယ်။ မိခင်နို့ တိုက်တဲ့အရွယ်ဆိုရင်တော့ နို့များများဝင်အောင်တိုက်ပါ။
  • အာဟာရ ပြည့်ပြီး ကျေညက်လွယ်စေမယ့် အစာလေးတွေ ကျွေးပါ။
  • အိပ်ရေးဝအောင်လည်း အိပ်စက်ပါစေ။ ဒီအချိန်မှာအားအင်ပြည့်အောင် အနားယူဖို့က အရေးကြီးပါတယ်။
  • ပွပွချောင်ချောင် အကျီလေးတွေ ဝတ်ပေးပါ။ ဒါမှ ကိုယ်ပူကျစေဖို့ အကူအညီပေးနိုင်မှာပါ။ စိတ်ပူပြီး စောင်တွေနဲ့အရမ်းမထုပ်ထားနဲ့နော်။
  • အဖျားကျဆေးကို ဆရာဝန် ညွှန်ကြားချက်အတိုင်း အချိန်လေးတွေခြားပြီး တိုက်ပါ။
  • အဖျားကျဆေးတိုက်တဲ့ကြားက သိပ်ပူနေရင် ဂျိုင်းကြား၊ပေါင်ခြံကြားတွေနဲ့ တစ်ကိုယ်လုံးကို ရေပတ်လေး ရွှဲနေအောင် တိုက်ပေးနိုင်ပါတယ်။

ဒီလို ကလေးဖျားပြီဆို မေမေဖေဖေတို့ အရမ်း စိတ်ပူကြရတယ်။

တစ်ခါတစ်လေ ဘာလုပ်ရမလဲ မသိတော့တဲ့အချိန်တွေဆို စိတ်ရှည်ရှည်နဲ့ လမ်းညွှန်ပေးနိုင်တဲ့ ဆရာဝန်တစ်ယောက်လောက် အနားမှာ ရှိရင်ကောင်းမယ်လို့တောင် တွေးမိကြတယ် မဟုတ်လား??

ကလေးဖျားနေရင်ဘာတွေကျွေးလို့ရလဲ?

ကလေးဖျားနေရင်ဘာတွေကျွေးလို့ရလဲ?

ကလေးဖျားနေရင်ဘာတွေကျွေးလို့ရလဲ?

ဖေဖေ မေမေတို့အမေးများကြတဲ့မေးခွန်းပါပဲ!

  • ကလေးဖျားတဲ့အခါ အရည်များများဝင်အောင်တိုက်ပေးပါ။ ဖျားတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်တွေဆုံးရှုံးပါတယ်။
  • အိမ်မှာ သန့်သန့်ရှင်းရှင်းပူပူနွေးနွေး ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာများကိုကျွေးပါ။
    ကလေးစားနိုင်ရင် ပုံမှန် အစားအစာအားလုံးကျွေးနိုင်ပါတယ်။
  • ဆန်ပြုတ်၊စွပ်ပြုတ်၊မြူစွမ်ပြုတ်စတဲ့ အရည်အဖတ်ရော ကျေညက်လွယ်တဲ့ အစားအစာတွေအပြင်ထမင်းလည်းကျွေးလို့ရပါတယ်။
  • သွေးလွန်တုပ်ကွေးလို့ သံသယရှိတယ်ဆိုရင်တော့ အနီရောင်၊အညိုရောင်၊အမဲရောင် ပါတဲ့အစားအစာများရှောင်ပြီး ကျွေးပါ။
  • အူရောင်ငန်းဖျားရောဂါမှာဆိုရင်တော့ အဖျားနဲ့ ကလေးရဲ့အခြေအနေပေါ်မူတည်ပြီး အစာအမာရှောင်ရတာမျိုးရှိပါတယ်။

ဒါပေမယ့် ကလေးရဲ့ဆရာဝန်က အူရောင်ငန်းဖျားကိုသံသယရှိပြီး ရှောင်ခိုင်းမှသာ ရှောင်ဖို့လိုပါတယ်။ ပုံမှန်အားဖြင့်တော့ ရှောင်စရာမလိုပါဘူး။

ကလေးဖျားပြီဆို မေမေ ဖေဖေတို.စိတ်ပူတတ်ကြတာပေါ့။

  • အစားရောလုံလောက်တဲ့ပမာဏဝင်နေရဲ့လား။
  • အိမ်မှာဘယ်လိုပြုစုစောင့်ရှောက်ပေးရမလဲ။
  • ဆေးရုံ၊ဆေးခန်းပြန်ပြသင့်တဲ့ လက္ခဏာကဘာတွေလဲ ဆိုတာတွေကို သိချင်တတ်ကြပါတယ်။

ရင်သွေး call center က ဒီလိုအချိန်မျိုးတွေမှာ ကလေးမိဘတွေကိုအကူအညီပေးနိုင်ဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။

ကလေးကို အိမ်မှာပြုစုပေးနေတဲ့ အချိန်တွေမှာ ဆရာဝန်တစ်ယောက်နဲ့ လှမ်းပြီးတိုင်ပင်နိုင်တယ်ဆိုတော့ ပိုပြီးစိတ်ချရတာပေါ့။

ကလေးတစ်ဦးချင်းဆီအလိုက် အခြေအနေပေါ်မူတည်ပြီး တိုင်ပင်ဆွေးနွေးပေးနိုင်တော့ မေမေ ဖေဖေတို.ရဲ့ အခက်အခဲတွေ စိတ်ပူပန်မှုတွေကို ပြေလည်နိုင်စေမှာပါ။

en_USEN
my_MMMY en_USEN