(+95)979 811 5566 info@myancare.org
မကြာခဏသွေးပေါင်ချိန်ကျနေတာ စိုးရိမ်ရလား?

မကြာခဏသွေးပေါင်ချိန်ကျနေတာ စိုးရိမ်ရလား?

မကြာခဏသွေးပေါင်ချိန်ကျနေတာစိုးရိမ်ရလား?

ရေးသားသူ – ဒေါက်တာ ခင်ဆွေသန်း (M.B.B.S)

ပုံမှန်တစ်ခါတစ်ရံသွေးပေါင်ချိန်ကျခြင်းအများစုမှာ အရမ်းမစိုးရိမ်ရသောအခြေအနေများကြောင့်အဖြစ်များသော်လည်း အမြဲလိုလိုသွေးပေါင်ချိန်ကျနေပါက အကြောင်းအရင်းကိုရှာရန်လိုအပ်ပါသည်။

သွေးပေါင်ကျခြင်းသည်လူတိုင်းကြုံတွေ့ဖူးနိုင်သည့်အခြေအနေတစ်ခုဖြစ်ပါသည်။

အများစုသိရှိကြသောသွေးပေါင်ချိန်တိုင်းတာခြင်းဆို သည် မှာ
အပေါ်သွေး သည် နလုံးထဲသို့သွေးများရောက်လာချိန်နှလုံးခုန်ချိန်တွင် သွေးကြောများအပေါ်ရှိဖိအားတိုင်းတာမှုဖြစ်ပြီး အောက်သွေးသည် နှလုံးခုန်တစ်ချက်ပြီးတစ်ချက်အကြား နှလုံးအနားယူချိန်တွင်သွေးကြောများအပေါ်ရှိဖိအားတိုင်းတာမှုဖြစ်သည်။

ပုံမှန်သွေးပေါင်ချိန်သည် လူ အများစုတွင် ၁၂၀/၈၀ ဖြစ်သော်လည်း တစ်ဦးနဲ့တစ်ဦးပုံမှန်သွေးပေါင်ချိန်မှာအမျိူးမျိူးကွာခြားနိုင်သည်ကို သတိပြုသင့်ပါသည်။

အပေါ်သွေး ၉၀ / အောက်သွေး ၆၀ အောက်ရောက်လျှင်သွေးပေါင်ချိန်ကျခြင်းဟုယူဆကြပါသည်။

  • ခေါင်းမူးခြင်း၊
  • ခေါင်းရိတ်ခနဲဖြစ်ခြင်း၊
  • ထိုင်ရာမှ ထချိန်၊ ထရာမှထိုင်ချိန် ပုံစံအပြောင်းအလဲ များတွင် ရုတ်တရတ် အမြင်အာရုံဝေဝါးခြင်း ၊
  • မျက်လုံးများပြာ သွားခြင်း
  • စသည်ဖြင့်ခံစားရလျှင်မူ သွေးပေါင်ချိန်ကျခြင်း ဖြစ်နိုင်ပါသည်။
  • သွေးပေါင်ချိန်ကျရခြင်းအကြောင်းအရင်းအမျိူးမျိူးရှိပါသည်။
  • ကိုယ်ဝန်ရှိခြင်း
  • ဟော်မုန်းဆိုင်ရာရောဂါ ( သိုင်းရိုက်ဂလင်း ၊ ဆီးချို )
  • သွေးတွင်းအချိူကျခြင်း
  • အချို့သောဆေးများ
  • အသက်အရွယ်ကြီးခြင်း
  • နှလုံးကြွက်သားညစ်အားမကောင်းခြင်း
  • နှလုံးခုန်ချက်မမှန်ခြင်း
  • အသည်းရောဂါ
  • အပူရှပ်ခြင်း
  • နာတာရှည်ရောဂါအခံတစ်ခုခုရှိခြင်း
  • ခန္ဓာကိုယ်အတွင်း အရည်ဓာတ်ခမ်းခြောက်ခြင်း သို့ အရည်ဓာတ်ဆုံးရှုံးခြင်း
  • သွေးအားနည်းခြင်း
  • သွေးပိုးဝင်ခြင်း
  • လှုပ်ရှားမှုနည်းခြင်း

စသည့်အခြေအနေများခံစားရချိန်တွင်သွေးပေါင်ကျလေ့ရှိပါသည်။

မည်သည့်အကြောင်းအရင်းကြောင့် သွေးပေါင်ချိန်ကျခြင်းဖြစ်သည်ကိုမူ ဆရာဝန်နှင့် စစ်ဆေးဆုံးဖြတ် တိုင်ပင်ခြင်းမှ သိရှိနိုင်ပြီး လိုအပ်သလို ကုသမှုခံယူရမည်ဖြစ်ပါသည်။

ထို့ကြောင့်အထက်ပါသွေးပေါင်ချိန်ကျခြင်းလက္ခဏာများခံစားနေရပြီဆိုလျှင် သွေးပေါင်ချိန်တိုင်းကြည့်သင့်ပါသည်။ သွေးပေါင်ချိန်ကျနေလျှင်

  • ရေများများသောက်ခြင်း
  • အရက်သောက်ခြင်းမှရှောင်ရှားခြင်း
  • လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
  • ထိုင် ခြင်း ထခြင်း အနေအထိုင်ပုံစံပြောင်းရာတွင်ဖြေးဖြေးပြုလုပ်ခြင်း

များကို ပြုလုပ်ခြင်းဖြင်သက်သာမှုရရှိနိုင်ပါသည်။

သို့သော်

  • ကယောင်ကတမ်းပြောခြင်း
  • ခြေဖျားလက်ဖျားအေးစက်လာခြင်း
  • အသက်ရှုပုံမမှန်မြန်ဆန်ခြင်း

စသည်ခံစားရလျှင်မူ နီးစပ်ရာဆေးခန်း ဆေးရုံသို့ ချက်ခြင်းသွား၍စစ်ဆေးကြည့်ရမည်ဖြစ်ပါသည်။

Name ဒေါက်တာ ခင်ဆွေသန်း (M.B.B.S)
Degrees M.B.,B.S (ygn)
Biography

ကလေးကျန်းမာရေးနဲ့ အထွေထွေရောဂါကုသပေးခဲ့တာ 3နှစ်ကျော်ရှိပါပြီ။

Parami General Hospital Yinthway paediatric call center Myanmar Silver Spring Co.ltd Medisurge Co.Ltd (India) တွေမှာ ဆရာဝန် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

Revo digital တွင်Maternal & Child Health Project အတွက် ဆေးပညာဆောင်းပါးများ Topdoctorsonline အတွက် ကျန်းမာရေးဆိုင်ရာဆေးပညာများကိုလည်းရေးသားပေးခဲ့ပါတယ်။

Havard University က Telephone and teleconsultation Program Sydeny Children Hospital ကပြုလုပ်တဲ့ Sydney Child Health Program WHO Guidelines တွေနဲ့ Mental Health Program mhGAP တွေအပြင် ဆေးပညာဆက်လက်သင်ကြားမှုသင်တန်းတွေကိုလည်းအမြဲသင်ယူလျှက်ရှိပါတယ်။

Topic

အထွေထွေကျန်းမာရေးဆိုင်ရာ ပြဿနာများ

ကလေးကျန်းမာရေးဆိုင်ရာပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Address Parami General Hospital, Yangon
en_USEN
my_MMMY en_USEN