(+95)979 811 5566 info@myancare.org
မိခင်နို့အောင်မြင်စွာတိုက်ကျွေးရေး

မိခင်နို့အောင်မြင်စွာတိုက်ကျွေးရေး

မိခင်နို့အောင်မြင်စွာတိုက်ကျွေးရေး
ရေသားသူ : ဒေါ်သဲလ်မာထွန်းသိန်း (အာဟာရဗေဒပညာရှင်)

မိခင်နို့ထဲတွင် ကလေးငယ်အတွက် သင့်တော်တဲ့ အစာ အာဟာရ များအဖြစ် ဗီတာမင်များ၊ သတ္တုဓါတ်များ၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်မည့် အစာအာဟာရများကို လုံလောက်စွာ ရရှိနိုင်မည့်အပြင် ကလေးငယ် တစ်ယောက် မှန်ကန်စွာ ကြီးထွားဖို့ အတွက် လိုအပ်သော ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှု၊ မိခင်နှင့်ကလေး ကြားနွေးထွေးထိတွေ့မှုတို့ကိုပါ အလုံအလောက် ရရှိနိုင်မှာ ဖြစ်ပါတယ်။

WHO/UNICEF ရဲ့ စစ်တမ်းကောက်ယူမှုအရ မိခင်နို့တိုက်ကျွေးခြင်းဖြင့် နှစ်စဉ် ၈ သိန်းကျော်သော ကလေးငယ်များရဲ့ အသက် ကို ကယ်တင်နိုင်ပြီးတော့ ၂ သောင်းကျော်သော မိခင် များရဲ့အသက်ကိုလည်း ကယ်တင်နိုင်ကြောင်း ဆိုထားပါတယ်။ မိခင်များ အနေနဲ့လည်း မိခင်နို့တိုက်ကျွေးခြင်းဖြင့် ရင်သား ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးချို နှင့် နှလုံးရောဂါ ဖြစ်ပွားမှုများကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပထမ ၆လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် အရေးကြီးပါတယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ၏ ညွှန်ကြားထားချက်များမှာ ~
– ကလေးငယ်များ မွေးပြီးပြီးချင်း တစ်နာရီ အတွင်း မိခင်နို့ကို စတင်တိုက်ကျွေးရန် လိုအပ်ပါသည်။
– ကလေးငယ်များ မွေးကင်းစမှ ၆လ အထိမိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် ညွှန်ကြားထားပါသည်။
– ကလေး အသက် ၆လ မှ စ၍ သန့်ရှင်းလတ်ဆတ်သော ဖြည့်စွက်စာများ စကျွေးရပါမည်။ မိခင်နို့ကိုလဲ အသက် ၂နှစ်နှင့်အထက်အထိ ဆက်လက်တိုင်ကျွေးရပါမည်။
ပထမ တစ်နာရီ အတွင်း မိခင်နို့တိုက်ကျွေးခြင်းက အက္ခရာ ကျလှပါတယ်
WHO အဖွဲ့အစည်းရဲ့ ကောက်နုတ်ချက် အရ၊ မွေးပြီးပြီးချင်း တစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးပေးခြင်းက ကလေးငယ်လေးအတွက် အသက်အန္တရာယ်ပေးနိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

မိခင်နို့ကို တစ်နာရီထက်နောက်ကျပြီးမှ တိုက်သော ကလေးငယ်လေးများသည် တစ်နာရီ အတွင်း တိုက်နိုင်သော ကလေးငယ်များနှင့်ယှဉ်လျှင် အသက်ဆုံးရှုံးနိုင်မှုပမာဏပိုများကြောင်း လေ့လာတွေ့ရှိရပါသည်။

မွေးမွေးပြီးချင်း တစ်နာရီအတွင်း နို့ချိုုတိုက်ကျွေးချိန် မိခင်နှင့်ကလေး အသားချင်းထိစပ်နေခြင်းက ရင်သွေးလေးအတွက်ရော မေမေအတွက်ပါ လွန်စွာအရေးပါလှပါတယ်။ ဒီအကြောင်းကို သင့်အသိမိတ်ဆွေ၊ ကိုယ်ဝန်ဆောင်မေမေများကို ဖြန့်ဝေပေးပါက သူတို့အတွက် များစွာအကျိုးရှိစေမှာပါ။

အလုပ်တစ်ဖက်နဲ့ ခေတ်သစ်မေမေများ

ယနေ့ခေတ်ရဲ့ လိုအပ်ချက်တွေအရ အလုပ်ထွက်လုပ်နေကြတဲ့ ခေတ်သစ်မေမေများဟာ
· ကလေးကို နို့တိုက်ချိန်မရတာတစ်ကြောင်း
· ဝန်ထမ်းများအတွက်ထောက်ပံ့မှုနည်းပါတာတစ်ကြောင်း
· နို့ရည်ညှစ်ပြီးထိမ်းသိမ်းရန်နည်းမျာစနစ်တကျမသိရှိခြင်း
· သန့်သန့်ရှင်းရှင်းထားရန်နေရာမရှိခြင်း
စသည့်အကြောင်းရင်းများကြောင့်လည်းကောင်း၊ မိမိရင်သွေးလေးကို မိခင်နို့တိုက်ကျွေးဖို့ ပျက်ကွက်နေ ကြရပါတယ်။ လုပ်ငန်းခွင်က အလုပ်ရှင်များ၊ ဝန်ထမ်းများမှ နို့တိုက်မိခင်ဝန်ထမ်းအတွက် ကူညီဖေးမမှု များပြုလုပ်ပေးခြင်းကလဲ မိခင်နို့အောင်မြင်စွာ တိုက်ကျွေးနိုင်ရေးအတွက် များစွာအထောက်အကူရစေမှာ ဖြစ်ပါတယ်။

ဆရာဝန်၊သူနာပြုစသောကျန်းမာရေးဝန်ထမ်းများ၏အရေးပါမှု
လေ့လာချက်တွေ့ရှိချက်တွေအရ ကလေးမေမေတွေရဲ့ အနီးလက်လှမ်းအမှီမှာ ခင်ပွန်းဖြစ်စေ၊ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးဝန်ထမ်းတွေဖြစ်စေရှိနေခြင်းဟာ မိခင်နို့တိုက်ကျွေးရေးအတွက် များစွာလွှမ်းမိုးထိရောက်မှုရှိတယ်လို့ဆိုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဆရာဝန်၊ သူနာပြုတွေဟာမိခင်နှင့်ကလေးများအတွက် ကျန်းမာပျော်ရွှင်တဲ့အနာဂတ်ဖြစ်စေဖို့အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ မိခင်နို့အောင်မြင်စွာတိုက်ကျွေးနိုင်ပြီးသာယာကျန်းမာတဲ့ မိသားစုဘဝတွေရရှိစေဖို့ ဆရာဝန်၊ သူနာပြုတွေရဲ့ တိုက်တွန်းအကြံပေးချက်များ၊ ကူညီဆောင်ရွက်ပေးမှုများဟာ များစွာထိရောက်မှုရှိနေမှာပါ။

ရင်သွေးလေးများရဲ့ အာဟာရပိုင်းဆိုင်ရာ ကျွေးမွေးစားသောက်မှုပုံစံများ

ရင်သွေးလေးများရဲ့ အာဟာရပိုင်းဆိုင်ရာ ကျွေးမွေးစားသောက်မှုပုံစံများ

ရင်သွေးလေးများရဲ့ အာဟာရပိုင်းဆိုင်ရာ ကျွေးမွေးစားသောက်မှုပုံစံများ နည်းစနစ်ကျစေဖို့ လမ်းညွှန်ပြသပေးနေတဲ့ ဆရာမ အန်တီသဲလ်မာထွန်းသိန်း MyanCare App ပေါ်မှာရှိနေပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးပါရစေ။

ဆရာမကြီးနှစ်ရှည်လများ အစဉ်တစိုက်လုပ်ဆောင်ခဲ့တာကတော့ လူတွေကို ကျန်းမာပျော်ရွှင်ပြီး ရောဂါဘယကင်းဝေးတဲ့ နေထိုင်မှုဘဝဖြစ်စေရန် လေ့ကျင့်သင်ကြားပေးခြင်း ပဲဖြစ်ပါတယ်။

ဆရာမကြီး အဓိက ဆွေးနွေးပေးတာတွေကတော့ နို့တိုက်မိခင်များ အောင်မြင်စွာ နို့ချိုတိုက်ကျွေးရေး၊ ရင်သွေးလေးများ ကျန်းမာဖို့ မိခင်များအသိပညာတိုးတက်ရေး၊ မိသားစုများ ပျော်ရွှင်ထက်မြတ်စွာ နေထိုင်ရန် လေ့ကျင့်ပေးရေး စသည်တို့ပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး ပြဿနာရှိနေပါသလား?

ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန် မှာ အာဟာရမျှတစွာစားသောက်မှုပုံစံများသိရှိနားလည်လိုပါသလား?

ရင်သွေးငယ်များအသက်၆လမှာ ဖြည့်စွက်စာကျွေးခြင်းနှင့် ကျောင်းတက်စဉ်တလျောက် အာဟာရမျှတစုံလင်စွာကျွေးမွေးခြင်း အကြောင်းများ သိရှိလိုပါသလား?

သင့်ရင်သွေးရဲ့ စားသောက်မှုပုံစံ ပြဿနာရှိနေတယ်လို့ ထင်ပါသလား?

ကလေးရဲ့ ခန္ဓာကိုယ်လေးချိန် ဝနေလား ပိန်နေလား ဆန်းစစ်ချင်ပါသလား?

နိုင်ငံတကာတွင်ကျင့်သုံးနေသော အာဟာရနှင့် စားသောက်နေထိုင်မှုဆိုင်ရာ နည်းလမ်းများကို သိရှိလိုပါသလား?

ဆရာမ အန်တီသဲလ်မာ မှကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။

အခုပဲ ဖုန်းထဲကနေ Application ကို အသုံးပြုပြီး voice call / video call တွေနဲ့အသုံးပြု တိုင်ပင် ဆွေးနွေးနိုင်တာ ဖြစ်လို့ မြန်မာနိုင်ငံ တဝှမ်း ဘယ်တိုင်း ဘယ်ပြည်နယ်ကမဆို ဆရာမကြီး နဲ့ တွေ့ဆုံဖို့ app ထဲမှာ အခုပဲ booking ယူလိုက်ပါ။

ကျန်းမာရေးနဲ့ပတ်သက်လာရင် MyanCare ကသင်နဲ့အတူရှိနေပေးမယ်ဆိုတာအမြဲသတိရလိုက်ပါ။

ဘယ်အရွယ်အထိ မိခင်နို့တိုက်ကျွေးမလဲ?

ဘယ်အရွယ်အထိ မိခင်နို့တိုက်ကျွေးမလဲ?

“ဘယ်အရွယ်အထိ မိခင်နို့တိုက်ကျွေးမလဲ?”

မိခင်နို့မှာ ကလေးတွေ အတွက် အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း မိခင်နို့တိုက်ကျွေးကြဖို့ တိုက်တွန်းအားပေးလေ့ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(World Health Organization – WHO)ကတော့ ကလေးအသက် ၆လ အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ဖို့အကြံပြုထားပါတယ်။ မိခင်နို့တစ်မျိုးတည်းလို့ ဆိုတဲ့အတိုင်း တခြား ဘာအစားအစာကိုမှ မတိုက်ကျွေးရပါဘူး။ ရေတောင်မတိုက်ရပါဘူး။


ဒါ့အပြင် အနည်းဆုံး အသက် တစ်နှစ် အထိ မိခင်နို့နှင့် ဖြည့်စွက်စာတွဲဖက်ကျွေးဖို့လည်း အကြံပြုထားပါတယ်။
ဒါပေမယ့် အမျိုးသမီတိုင်းအတွက်တော့ ကလေးကို တစ်နှစ်လုံး နို့တိုက်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အချိန် သတ်မှတ်ပြီး နို့တိုက်တာတို့၊ နို့ဘူးနဲ့ အစားထိုးတာတို့ လေ့လာထားဖို့လိုပါတယ်။

ကလေးကို နို့တိုက်မယ်ဆို ကြုံတွေ့ရမှာတွေက….
ပထမဆုံးရက်
ပညာရှင်တွေကတော့ ကလေးနဲ့ အမေ ထိတွေ့ဆက်သွယ်မှုရအောင်နဲ့ မိခင်နို့ ထွက်တာကောင်းမွန်အောင် မွေးပြီးပြီးချင်း တစ်နာရီ အတွင်း မိခင်နို့တိုက်ဖို့အကြံပေးထားပါတယ်။
ကလေး ပထမဆုံး သောက်ရတဲ့ နို့ဦးရည်ဟာ ပြစ်ပြီး နည်းနည်း ဝါပါတယ်။ နို့ဦးရည်မှာ ကလေးအတွက် အရေးကြီးတဲ့ အာဟာရတွေ antibodyတွေများစွာ ပါဝင်ပါတယ်။

ပထမလ
UNICEF (The United Nation of Children’s Funds) ကမိခင်နို့ ကို ပထမဦးဆုံး ကာကွယ်ဆေး တိုက်ကျွေးတာလို့တောင် အဓိပ္ပာယ်ဖွင့်ထားပါတယ်။မိခင် နို့မှာ ကလေးအသက်တစ်နှစ်လောက်အထိ လုံလောက်တဲ့ antibodyတွေ ပါ ပါတယ်။ အဲ့ဒီantibodyတွေက ဝမ်းလျှောတာ၊ နားပိုးဝင်တာ၊ နဲ့ အခြား ကျန်းမာရေးပြသနာ တော်တော်များများ ကို ကလေးမှာ မဖြစ်အောင် အကာအကွယ်ပေးပါတယ်။

မိခင်အနေနဲ့ ကလေးကို နို့တိုက်တဲ့အခါ oxytocin နဲ့ prolactin တို့လို ဟော်မုန်းတွေထွက်ရှိပါတယ်။ အစရှိတဲ့ ဟော်မုန်းတွေက မိခင်ကို ပျော်ရွှင်ပီတိဖြစ်စေတဲ့ ခံစားမှုကို ရရှိစေပါတယ်။
ဒါ့အပြင် သားအိမ်ကိုလည်း ပုံမှန်အနေအထားမြန်မြန် ပြန်ရောက်စေပါသေးတယ်။

၆လ
ကလေးကို နို့တိုက်ကျွေးခြင်းဟာ တစ်ရက်ကို ကယ်လိုရီ ၄၀၀-၅၀၀ လောက်ကုန်ပါတယ်။ မိခင်တွေအနေနဲ့ နို့တိုက်ကျွေးခြင်းဖြင့် ကိုယ်အလေးချိန် မတိုးအောင် ထိန်းလို့ရပါသေးတယ်။

နို့တိုက်ကျွေးခြင်းအားဖြင့် မိခင်မှာ ဆီးချိုတို့ နှလုံးသွေးကြောဆိုင်ရာရောဂါ နှင့် ကင်ဆာ ရောဂါ(နို့ကင်ဆာ၊ သားဥကင်ဆာ၊သားပြွန်ကင်ဆာ၊သားအိမ်ကင်ဆာ) စတာတွေ ဖြစ်ဖို့ လျော့ကျသွားတယ်လို့ဆိုပါတယ်။

မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းက မျိုးဆက်ခြားကျန်းမာရေးကိုလည်း အထောက်အကူပေးပါသေးတယ်။

၆လ အထက်
ကလေးအသက် ၆လ ကျော်ပြီဆို မိခင်နို့အပြင် အခြားဖြည့်စွက်စာတွေကိုပါ တွဲဖက် ကျွေးရတော့မှာပါ။ မိခင်နို့ကဆက်တိုက်နေပါ။ WHOကတော့ အနည်းဆုံး ကလေးအသက် တစ်နှစ်ထိ မိခင်နို့နဲ့ ဖြည်စွက်စာ တွဲတိုက်ကျွေးဖို့ အကြံပြုထားပါတယ်။

မိခင်နို့ဟာ စရိတ်သက်သာပြီး အာဟာရရှိတဲ့အတွက် ဆက်လက်တိုက်ကျွေးဖို့ တိုက်တွန်းပါတယ်။
ကလေးအသက် ၂ နှစ် ကနေ ၄ နှစ် အတွင်းမှာ အခြေအနေကို ကြည့်ပြီး နို့ဖြတ်ကြလေ့ရှိပါတယ်။

ကလေးကျန်းမာရေးနဲ့ ပတ်သတ်ပြီးတော့ ဆေးရုံဆေးခန်းကို သွားဖို့ အခက်အခဲ ရှိနေရင် ရင်သွေး call center ကို သတိရလိုက်ပါနော်။

မိခင် နို့တိုက်ခြင်းနှင့် ကောင်းကျိုးများ

မိခင် နို့တိုက်ခြင်းနှင့် ကောင်းကျိုးများ

မိခင် နို့တိုက်ခြင်းနှင့် ကောင်းကျိုးများ

မိခင်နို့တိုက်ကျွေးခြင်းက မေမေတို့ရဲ့ ရင်သွေးလေးတွေ အတွက်သာမက မေမေတွေ အတွက်ပါအရမ်းကို အကျိုးရှိလှပါတယ်နော်။ ဘယ်လို အချက်တွေမှာ အကျိုးပြုလည်းဆိုတာကို တော့ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါနော်။

ကလေးငယ်လေးများအတွက် အရေးပါမှု

  • မိခင်နို့တိုက်ကျွေးခြင်းက ကလေးငယ်လေးများရဲ့ အသားအရည် ယားယံခြင်း၊ ဓာတ်မတည့်ခြင်းများအတွက် အထူး ကာကွယ်ပေးပါတယ်။
  • မေမေတို့ရဲ့ ရင်သွေး လေးများ အစာမကြေဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို လည်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • မိခင်နို့မှာ ခန္ဓာကိုယ်အတွက် ခုခံနိုင်တဲ့ ဓာတ်တွေ အလုံအလောက်ပါရှိတာကြောင့် ကလေးငယ်လေးများ အလွယ်တကူ ရောဂါပိုးဝင်ခြင်းမှ လည်း ကာကွယ်ပေးပါတယ်နော်။
  • မိခင်နို့တိုက်ကျွေးထားသော ကလေးငယ်လေးများ က ငယ်ငယ်လေးနဲ့ ဆီးချိို ဖြစ်နိုင်ချေ ၊ အဝလွန်ရောဂါ ဖြစ်နိုင်ချေ အလွန်နည်းပါးသွားပါတယ်။
  • မိခင်နို့တိုက်ထားသော ကလေးငယ်လေးများက ပိုပြီးတော့ လည်း ဉာဏ်ရည် ဉာဏ်သွေး မြင့်မားကြောင်းကို လေ့လာတွေ့ရှိရပါတယ်။
  • မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးငယ်လေးနဲ့ မေမေတို့ကြားမှာ လည်း ပိုပြီး ရင်းနှီးမှုရရှိလာပါတယ်။

မေမေ များအတွက် အရေးပါမှု

  • မိခင်နို့တိုက်ကျွေးခြင်းက ကလေးတွေ အတွက်ဘဲ ကောင်းကျိုးတွေ ရတာမဟုတ်ဘဲ မေမေများအတွက်လည်း ကောင်းကျိုးတွေရနိုင်ပါတယ်။
  • နို့တိုက်ခြင်းက မေမေတို့အတွက် မွေးပြီး အချိန် အဝလွန်ခြင်းမှ ကာကွယ်ပေးပါတယ်။
  • မေမေတို့ နို့ပုံမှန် တိုက်ပေးခြင်းက အရိုးပွခြင်း ၊ အရိုးပါးခြင်းတို့ကို လည်း ကာကွယ်ပေးပါတယ်။
  • ကလေးမွေးပြီးပြီး ခြင်းနို့ပုံမှန်တိုက်ပေးခြင်းက လည်း သဘာ၀ တားဆေးတစ်ခု အဖြစ်ဆောင်ရွက်ပေးပါသေးတယ်။
ကလေးသူငယ်များနှင့် အာဟာရ

ကလေးသူငယ်များနှင့် အာဟာရ

ကလေးသူငယ်များဟုဆိုလျှင် မွေးကင်းစမှစ၍ ဆယ်ကျော်သက်အရွယ်အထိ ပါဝင်ပြီး ခန္ဓာကိုယ်အချိုးအစာပြေပြစ်အောင် ကျန်းမာသန်စွမ်းအောင် အဓိက ထိန်းကျောင်းပေးနိင်ခြင်းက အစာအာဟာရကောင်းမွန်စွာ စားသောက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

မွေးကင်းစအရွယ် ( ၁ လမှ ၆ လ / ၁ နှစ်အထိ )

  • မွေးကင်းစအရွယ် အရေးကြီးဆုံးနှင့် အာဟာရအဖြစ်ဆုံးက မိခင်နို့ တိုက်ကျွေးခြင်းဘဲ ဖြစ်ပါတယ်။
  • ၆ လအထိ မည်သည့်ဖြည့်စွက်စာကိုမျှ ကျွေးခြင်းမပြုလုပ်ဘဲ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်သင့်ပါတယ်။
  • ၆ လနှင့် အထက်တွင် ဖြည့်စွက်စာအဖြစ် အသား၊ ငါး၊ အရွက်များကို အချိုးအစားမျှတစွာ နည်းနည်းချင်းစီ စကျွေးနိုင်ပါတယ်။

လမ်းလျှောက်တတ်ကာစ အရွယ် ( ၁ နှစ်မှ ၄ နှစ် )

  • ကလေးငယ်များကိုလည်း ခန္ဓာကိုယ်ဖွံဖြိုးဖို့ အတွက် အကောင်းဆုံးအချိန်တစ်ခုဖြစ်သလို အစာကျွေးရတာ အခက်ခဲဆုံး အချိန်လည်းဖြစ်ပါတယ်။
  • အဲ့ဒါကြောင့် ကလေးများ အစားအသောက်အတွက် ခုံမင်နေချိန်တွင် အာဟာရ ဖြစ်စေသော အစားအသောက်များကို တစ်ခါတည်းကျွေးလိုက်နိုင်ဖို့က အရေးကြီးပါတယ်။
  • ခန္ဓာကိုယ်ကြီးထွားဖို့ အတွက် အရိုးများသန်စွမ်းဖို့က အဓိကကျတာမို့ ကယ်လ်စီယမ်ပါသော အစားအသောက်များဖြစ်သောနို့၊ ငါး အစာရှိတာတို့ကို ကျွေးနိုင်ဖို့လိုပါတယ်။
  • ထိုချိန်တွင် ကလေးများကို အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများ ( အသီးအရွက်များ) ကို လည်း စပြီး ကျွေးနိုင်ဖို့လိုအပ်ပါတယ်။
  • အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များက ကလေးများရဲ့ အူလမ်းကြောင်း ရှင်းစေရုံသာမက၊ နှလုံးရောဂါ ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
en_USEN
my_MMMY en_USEN