(+95)979 811 5566 info@myancare.org
ကြုံလာနိုင်တဲ့ အမျိုးသားတို့ရဲ့လိင်ပိုင်းဆိုင်ရာပြသနာများ

ကြုံလာနိုင်တဲ့ အမျိုးသားတို့ရဲ့လိင်ပိုင်းဆိုင်ရာပြသနာများ

ကြုံလာနိုင်တဲ့ အမျိုးသားတို့ရဲ့လိင်ပိုင်းဆိုင်ရာပြသနာများ

လူဖြစ်လာရင်တော့ လိင်ကိစ္စဆိုတာမလွဲမသေကြုံလာရတာပါပဲ။ အခန့်မသင့်လို့ လိင်ပိုင်းဆိုင်ရာ ပြသနာတွေ၊ လူမှုရေး ပြသနာတွေ ဖြစ်လာတဲ့အခါ တယောက်ထဲ ကြိတ်ဖြေရှင်းရင်းနဲ့ တခါတလေမှာမရှင်းနိုင်ဖြစ်တတ်ပါတယ်။ တခါတလေမှာ ကိုယ်ယုံကြည်တဲ့ ကိုယ့်ရဲ့ မိတ်ဆွေတွေကို အားကိုးမိပေမယ့် သူတို့ကိုယ်တိုင်က ကျွမ်းကျင်သူ မဟုတ်တဲ့အခါ ကိုယ့်ကိုပြန်ပြီးဒုက္ခပေးသလိုလဲဖြစ်တတ်ပါတယ်။

အထူးသဖြင့် ~
> သန္ဓေတားဆေးနဲ့ ဆိုင်တဲ့ ပြသနာတွေ
> ဆီးပူတာ, ဆီးကျင်တာ
> လိင်အင်္ဂါမှာ အနာပေါက်တာ
> လိင်အဂါၤက ပြည်ထွက်တာ
> ပေါင်ခြံမှာ အကြိတ်ထွက်တာ
> လိင်ကိစ္စမှာ စွမ်းဆောင်ရည်ကျဆင်းလာတာ
> မစွမ်းဆောင်နိုင်တော့တာ

ဒါမျိုးတွေဟာ အမျိုးသားတွေအနေနဲ့ကြုံလာရနိုင်ပါတယ်။ မပေါ့ဆသင့်ပါဘူး။ ကိုယ်ကပေါ့ဆလိုက်လို့ ထိရောက်တဲ့ကုသမှုတွေမရတဲ့အခါ နောင်တချိန်မှာ ပန်းသေ၊ ပန်းညှိး၊ ဆိုးရွားတဲ့လိင်ပိုင်းဆိုင်ရာရောဂါတွေအထိ ပြောင်းသွားတတ်ပါတယ်။ မိမိရဲ့ကျန်းမာရေးအတွက် ကျွမ်းကျင်ဆရာဝန်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပါ။ ဒီလိုကိစ္စတွေဟာရှက်စရာတခုမဟုတ်ပါဘူး၊ ကျန်းမာရေးပြသနာတခုသာဖြစ်ပါတယ်။

ဆရာဝန်ကိုကြီးတစ်ယောက်ရဲ့ ညီလေး ၊ ညီမလေးတို့ အပေါ်လက်တို့ပေးစာ

ဆရာဝန်ကိုကြီးတစ်ယောက်ရဲ့ ညီလေး ၊ ညီမလေးတို့ အပေါ်လက်တို့ပေးစာ

ဆရာဝန်ကိုကြီးတစ်ယောက်ရဲ့ ညီလေး ၊ ညီမလေးတို့ အပေါ်လက်တို့ပေးစာ….

လူရယ်လို့ ဖြစ်လာရင်တော့ လိင်ကိစ္စဆိုတာ တနေ့နေ့မှာ ကြုံလာရတာပဲလေ။အိမ်ထောင်သည်ပဲ ဖြစ်ဖြစ်၊သမီးရည်းစာပဲ ဖြစ်ဖြစ်ပါ။ ကိုကြီးတို့ နိုင်ငံကလဲ ဓလေ့ထုံးတမ်းအစဉ်အလာတွေကြောင့် ဒီကိစ္စအပေါ်ကို မပွင့်မလင်း ဖြစ်တတ်ကြတယ်။

ပြီးမှ မရှုနိုင်မကယ်နိုင် ဖြစ်တော့မှ နီးစပ်ရာ လက်တည့်စမ်းတာတွေ ၊ အန္တရာယ်ရှိတဲ့ ဖျက်ချမှုတွေကရေရှည်မှာ မိန်းကလေးအတွက် အလွန်ကို အန္တရာယ် ရှိနိုင်ပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ မလိုချင်ပဲ သားသမီးရလာတော့လည်း ပြုစုစောင့်ရှောက်ရတာ ထင်သလောက် မလွယ်လှပါဘူး။ လူမူရေးပြဿနာတွေလည်း အများကြီးပဲလေ။

အခုသိသင့်သိထိုက်တဲ့ သန္ဓေတားဆေးနဲ့ ဆိုင်တဲ့ ဗဟုသုတလေးတွေနဲ့ဆောင်ရန် ရှောင်ရန်လေးတွေကို ဒီကဒေါက်တာကိုကြီးက ရှဲပေးလိုက်ပါတယ်။ ပြီးမှ တလွဲတွေလုပ်ချလာမှာစိုးလို့ ။ ပုံလေးတွေကို ထောက်ကြည့်ပါ…

မြန်မာ့အယူအဆနှင့် မျိုးဆက်ပွားကျန်းမာရေး

မြန်မာ့အယူအဆနှင့် မျိုးဆက်ပွားကျန်းမာရေး

မြန်မာ့အယူအဆနှင့် မျိုးဆက်ပွားကျန်းမာရေး
____________________________________
မြန်မာဆိုတာ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ အင်မတန် သိမ်မွေ့သော အင်မတန် ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းဟု မြန်မာတို့ဘာသာ မှတ်ယူထားကြသည်။

“ဗိုင်းကောင်း ကျောက်ဖိ” “ပုဝါတစ်ကမ်း လက်တစ်လှမ်း”စသော ဆိုးရိုးဆန်ဆန် အဆုံးအမတွေက မြန်မာတို့၏ အရှက်အကြောက်တရားကို မီးမောင်းထိုးပြလျှက်ရှိသည်။

အမှန်ပင် သိမ်မွေ့နူးညံ့သော မြန်မာလေးများမှာ မြန်မာ့အသိုင်းအဝိုင်းတွင်မရှားပေ။ သို့သော် ပုထုဇဉ် လူသားမှန်လျှင် ရှောင်လွှဲမရသည်မှာ ချစ်ကြခင်ကြ ကြင်နာကြရင်း မိသားစုဘဝတည်ဆောက်ကြခြင်းပင်ဖြစ်သည်။

မိသားစုဘဝတည်ဆောက်ခြင်း အနုပညာ (Family Planning) သည် ပျော်ရွှင်ကျန်းမာသော မိသားစုဖြစ်လာရန်အတွက် အင်မတန်မှ အရေးပါလေသည်။

ထို မိသားစုတည်ဆောက်ခြင်း အနုပညာကို မိသားစု တည်ဆောက်မည့်သူတိုင်း၊ မိသားစု တည်ဆောက်ရာတွင် ပါဝင်အကြံပေးလိုသူတိုင်း၊ ကျန်းမာရေးကိုထိန်းသိမ်းမျှဝေချင်သူတိုင်း သိထားသင့်ပေသည်။

မိသားစုတည်ဆောက်ခြင်းကို လေ့လာသောအခါ မြန်မာလူမျိုးအတော်များများ လက်တွန့်တတ်သော အမျိုးသားနှင့် အမျိုးသမီးကြား အတွင်းရေးကိစ္စများပါ ပါဝင်နေတတ်သည်။

ထို့အပြင် အမျိုးသားများနှင့်ဆိုင်ရာ မျိုးဆက်ပွားအကြောင်းအရာ၊ အမျိုးသမီးနှင့်ဆိုင်ရာ မျိုးဆက်ပွားအကြောင်းအရာများကိုလည်း ဆယ်ကျော်သက်အရွယ်မှစကာ အဆင့်ဆင့် သိထား နားလည်ထားမှသာ မိသားစုတည်ဆောက်ခြင်းအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သလို၊ မိမိဘဝ မိမိချစ်သူဘဝ မိမိအပေါင်းအသင်းဘဝကို ဖေးမ ကာကွယ်ပေးနိုင်ကြမည်။

သို့သော်ငှားလည်း “မျိုးဆက်ပွား”ဟူသောအသံကို ကြားလိုက်သည်နှင့် လူကြားထဲပြောရမှာရှက်သလိုလို ရွံ့သလိုလိုဖြစ်ကြသည်က မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာလို ဖြစ်နေသည်။

မိဘကလည်း သားသမီးကို ပေးမသိစေလိုသဖြင့် တခါတလေ အယူအဆအလွဲများကိုသာ ပြောပြလေ့ရှိသည်။

ဥပမာ “သားကလေ မေ့မေ့ဗိုက်ထဲ အလိုလိုရောက်လာပီး မေမေ့ချက်ပေါက်ထဲက ထွက်လာတာလေ။”ဟူသော စကားလိုမျိုးဖြစ်သည်။ ဒီတော့ တလွဲတွေးရင်တွေး ၊ မတွေးပါက အင်တာနက်ခေတ်ကြီးထဲတွင် တလွဲပညာပေးသော နေရာများမှ ဖတ်မှတ်ကာ လူမသိသူမသိ တလွဲအယူအဆများနှင့် ရှင်သန်သွားကြနိုင်သည်မဟုတ်ပါလား။

ဒီတော့ ပြင်သင့်တာကို ပြင်ရန် ခေါင်းမာတတ်သော လူ့သဘာဝကို အပြစ်မဆိုလိုသော်လည်း သက်ရှိဆိုင်ရာ လုပ်ငန်းတာဝန်တစ်ခုဖြစ်သော မျိုးဆက်ပွားခြင်းကို နားမရှက်စရာ အသုံးအနှုန်းများဖြင့် မျှဝေလေ့လာကြရင်း လူ့ဘောင်လောကကြီးကို သာယာအောင် ဖန်တီးနိုင်ကြဖို့ မျှော်လင့်မိပါတော့တယ်။

ဒီလို မျိုးဆက်ပွားဆိုင်ရာကျန်းမာရေးပြဿနာများကို MyanCare app ပေါ်ကဆရာဝန်တွေနဲ့ လုံလုံခြုံခြုံ ရင်းနှီးပွင့်လင်းစွာတိုင်ပင်နိုင်ပါပြီ။

ကျန်းမာရေးနဲ့ပတ်သက်လာရင် MyanCare ကသင်နဲ့အတူရှိနေပေးမယ်ဆိုတာအမြဲသတိရလိုက်ပါ။

သန္ဓေတားခြင်းဆိုတာ ဘာလဲ

သန္ဓေတားခြင်းဆိုတာ ဘာလဲ

သန္ဓေတားခြင်းဆိုတာ ဘာလဲ❔
သန္ဓေတားတယ်ဆိုတာကို လွယ်လွယ် အရပ်စကားနဲ့ပြောရင်တော့ ကိုယ်ဝန်မရအောင် တားဆီးတဲ့ သဘောပါပဲ။ ဒီလို ကလေးမရအောင် ကာကွယ်ကြရာမှာ အရေးအကြီးဆုံးတစ်ချက်ရှိပါတယ်။ ဒါကတော့ စုံတွဲ၂ယောက်လုံး ပါဝင်ပတ်သက် ဆုံးဖြတ်ဖို့ပါပဲ။

အများအားဖြင့် သန္ဓေတားတဲ့ကိစ္စကို အမျိုးသားတွေက သူတို့နဲ့မဆိုင်သလို နေတတ်ကြပါတယ်။ တားဖို့အတွက် ခွင့်ပြုပေးရုံလောက်နဲ့တော့ လင်ယောကျာ်းတာဝန် မကျေသေးပါဘူး။ ဒီတော့ အသေးစိတ်ပါဝင်ဆွေးနွေးဖို့ အားပေးချင်ပါတယ်။

သန္ဓေတားရာမှာ နည်းနှစ်နည်းရှိပါတယ်။ ယာယီတားဆီးခြင်းနဲ့၊ အမြဲထာဝရ ကလေးမရအောင် တားဆီးခြင်းပါ။ ထာဝရတားတဲ့နည်းကတော့ ရှင်းပါတယ်။ သားကြောဖြတ်ခြင်းပါ။ သားကြောဖြတ်တယ်ဆိုတာကတော့ အမျိုးသမီးတွေရဲ့ သားအိမ်နဲ့ သားဥအိမ်ကြား သားဥလေးကို ပို့ဆောင်ပေးသူ သားဥပြွန်လေးကို ချည်နှောင် ဖြတ်တောက်ပစ်တာပါပဲ။

ယာယီတားတဲ့နည်းတွေကတော့ ကွန်ဒုံးသုံးခြင်း၊ သောက်ဆေး၊ ထိုးဆေး၊ လက်မောင်းအတွင်း ပစ္စည်းထည့်ခြင်း၊ သားအိမ်အတွင်း ပစ္စည်းထည့်ခြင်းတို့ဖြစ်ပါတယ်။ အခုပြောခဲ့တဲ့ နည်းလမ်းတွေထဲမှာတော့ ကွန်ဒုံးသုံးခြင်းနဲ့ သားအိမ်အတွင်း ပစ္စည်းထည့်ချင်းတွေဟာ သုံးစွဲသူကို ဟော်မုန်းအပြောင်းအလဲဒဏ် မခံရစေပါဘူး။ ဘာလို့ဆို ဘာဟော်မုန်းမှ မပါဝင်လို့ပါပဲ။

ဒီတော့ သောက်ဆေး၊ ထိုးဆေး၊ လက်မောင်းထဲ ပစ္စည်းထည့်ခြင်းတွေက ဟော်မုန်းပါတာမို့ ဟော်မုန်းဒဏ် ခံရနိုင်ပါတယ်။ ဒီတော့ အနည်းငယ် ကိုယ်အလေးချိန်တတ်တာ၊ အသားညစ်တာ၊ ရာသီထိန်တာ၊ ရာသီသွေး မမှန်တာတွေဟာ ပရိုဂျက်တီရုန်းဟော်မုန်းပါတဲ့ သောက်ဆေး၊ ထိုးဆေး၊ လက်မောင်းထဲထည့်တဲ့ ပစ္စည်းတွေမှာ ခံစားရတတ်ပါတယ်။ ဒါပေမယ့် အီစတိုဂျင်ဟော်မုန်းပါတဲ့ သောက်ဆေးမှာတော့ ခံစားရမှာ မဟုတ်ပါဘူး။

သို့သော် သောက်ဆေးတွေက နေ့တိုင်း မှတ်မှတ်ရရ အချိန်မှန်သောက်ရမှာပါ။ မဟုတ်ရင် အပြည့်အဝ သန္ဓေတားပေးမှာ မဟုတ်တာကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ရတတ်ပါတယ်။ ထိုးဆေးကတော့ သုံးလတစ်ခါရက်ချိနိးမှန်မှန်ထိုးရမှာပါ။ အခုခေတ်က လက်ကိုင်ဖုန်းတွေလည်း လူတိုင်းရှိနေကြတော့ ဖုန်းထဲမှာ reninderလေးနဲ့ မှတ်ထားရင် မမေ့တော့ပါဘူး။

သောက်ဆေး၊ ထိုးဆေးဟာ အချိန်မှန်မှန် သုံးစွဲနေသမျှ သန္ဓေတားပေးမှာဖြစ်သော်လည်း လက်မောင်းထဲထည့်သောပစ္စည်းနဲ့ သားအိမ်ထဲထည့်တဲ့ ပစ္စည်းတွေကတော့ ၃နှစ်မှ ၅နှစ်အထိ သန္ဓေတားစီးပေးမှာဖြစ်ပါတယ်။ ဒီတော့ သေချာစဉ်းစားဖို့လိုပါတယ်။

သန္ဓေတားခြင်းဟာ မိသားစုတည်ဆောက်ရာမှာ အရေးကြီးတဲ့အရာတစ်ခု ဖြစ်တာမို့ အချိန်ပေးပြီး နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆိုးကျိုး၊ ကောင်းကျိုးတွေကို သေချာကြည့်ပြီးမှ ကိုယ်နဲ့အသင့်တော်ဆုံးတစ်ခုကို ရွေးချယ်ရမှာ ဖြစ်တာမို့ သေချာအာရုံစိုက်ဖို့ လိုအပ်ပါတယ်။

မိသားစုဘဝ လှပဖို့ သန္ဓေတားခြင်း ဆွေးနွေးစို့။

ကျန်းမာရေးနဲ့ပတ်သက်လာရင် MyanCare ကသင်နဲ့အတူရှိနေပေးမယ်ဆိုတာအမြဲသတိရလိုက်ပါ။

အမျိုးသားကျန်းမာရေးကိစ္စ

အမျိုးသားကျန်းမာရေးကိစ္စ

ဦးဦးကိုကို ဆီသို့…

ဦးဦးကိုကို တွေအတွက် မိမိတို့ရင်ဆိုင်နေရတဲ့ အမျိုးသားပြသနာလေးတွေ ရှိပါက လုံခြုံစိတ်ချစွာ တိုင်ပင်ဆွေးနွေး ပြသဖို့ ဆရာဝန် တစ်ယောက် လိုအပ်နေပါသလား?

အမျိုးသား ကျန်းမာရေး ပြသနာတွေ ၊ အမျိုးသား လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကျွမ်းကျင် ဆရာဝန်တွေနဲ့ MyanCare application ပေါ်ကနေ ဆွေးနွေးလိုက်ပါ။

တွေ့ကရာလူ မေးကြည့်လို့ ပေါက်ကရ အကြံတွေ ပေးလိုက်ရင်လဲ အန္တရာယ် ရှိပါတယ်။

ကိုယ်ဖုန်းထဲမှာပဲ ဆရာဝန်နဲ့ Application ကတဆင့် (voice call / video call /Chatting) တွေအသုံးပြုပြီး အေးအေးဆေးဆေး ဆွေးနွေးနိုင်တာ ဖြစ်လို့ လုံခြုံမှု စိတ်ကျေနပ်မှု ရစေမှာပါ။

ပြီးတော့ ကိုယ်ရဲ့ privacy တွေကိုလည်း ဆရာဝန် ကစောင့်ထိန်းပေးမှာ ဆိုတော့ ကိုယ်မသိစေချင်တဲ့ ကျန်းမာရေး ပြဿနာတွေကို တခြားသူ မသိတော့ဘူး.. ကိုယ်နဲ့ ဆရာဝန် ၂ယောက်ပဲ သိမယ်။ နောက်ပြီး ဒီလို ပြဿနာတွေဟာမြန်မာတစ်နိုင်ငံလုံးမှာ မိမိ ကျမှတစ်ယောက်တည်း ကွက်ဖြစ်နေတာမျိုးမဟုတ်ပါဘူးနော်။ ဆရာဝန်တွေဟာ ဒီလို လိင်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများကို အမြဲတစေ ဆွေးနွေးပေးနေကြတာပါ။ အဲ့တာကြောင့် ကျွန်တော်တို့ MyanCare app ပေါ်ကဆရာဝန်တွေနဲ့ လုံလုံခြုံခြုံ ရင်းနှီးပွင့်လင်းစွာတိုင်ပင်နိုင်ပါတယ်နော်။

ကျန်းမာရေးနဲ့ပတ်သက်လာရင် MyanCare ကသင်နဲ့အတူရှိနေပေးမယ်ဆိုတာအမြဲသတိရလိုက်ပါ။

en_USEN
my_MMMY en_USEN