အသုံးပြုသူ လမ်းညွှန်
မြန်ကဲအပ် အသုံးပြုသူလမ်းညွှန်


Step 1. Play Store တွင် MyanCare ဟု ရိုက်ရှာပြီး Install လုပ်ပါ။
- Play Store >> https://bit.ly/mcareapp
- iOS >> https://bit.ly/mcareios

Step 2. MyanCare App ကိုဖွင့်လိုက်ပါက Home Page ကို တွေ့ရှိပါမည်။ ထိပ်ဆုံးတွင် ရှိနေသော Login Now ကို နှိပ်ပြီး ဝင်ပါ။ Login ဝင်ပြီးမှသာ Booking Appointment ယူလို့ရမည်ဖြစ်သည်။

Step 3. မိမိ ဖုန်းနံပါတ်ကို မှန်ကန်စွာ ရိုက်ထည့်ပါ။
“ဆက်လက်လုပ်ဆောင်ပါ” ကိုနှိပ်လိုက်ပါက Phone Code ကျလာမည်ဖြစ်ပြီး “အတည်ပြုသည်” ကိုဆက်နှိပ်ပေးပါ။ Home page သို့ရောက်သွားပါမည်။

Step 4. Home Page ကို ရောက်ရှိသွားပါက “Search Doctor Name” ကို နှိပ်ပြီး ဆရာဝန် နာမည်ရိုက်ထည့်နိုင်ပါသည်။
Step 5. “View All” ကိုနှိပ်ပြီး တိုင်ပင်ဆွေးနွေးနိုင်သော အထူးကု ရောဂါများကို ရှာဖွေနိုင်ပါသည်။

Step 6. မိမိ မေးမြန်းလိုသည့် ဆရာဝန်တစ်ဦးဦးကို ရွေးချယ်ပြီး Book Now ကို နှိပ်ပါ။ View Profile ကို ဝင်ကြည့်ပြီးတော့လည်း Booking လုပ်နိုင်ပါသည်။

Step 7. လိမ္မော်ရောင် လေးထောင့်ကွက်ထဲတွင် Video / Voice (Audio) / Chat (၃)မျိုးထဲမှ တစ်ခုခုကို ရွေးချယ်ပေးရပါမည်။
ယခုပုံတွင် Voice ကို ရွေးချယ်ထားပါသည်။ Voice သည် MyanCare App ကို အသုံးပြု၍ ဖုန်းခေါ်မေးမြန်းခြင်း ဖြစ်ပါသည်။
Time Slot တွင် ဆရာဝန်နှင့် ဆွေးနွေးလိုသည့် အချိန်ကို ရွေးချယ်ရခြင်းဖြစ်သည်။ ယခုပုံတွင် 7:15 PM မှ 7:30 PM အတွင်း ရွေးထားပါသည်။
Reason For Visit တွင် မိမိမေးမြန်းလိုသည့် ရောဂါ အကြောင်းအရာ အသေးစိတ်ကို ရေးသားဖော်ပြရမည်ဖြစ်ပါသည်။
အပေါ်က အချက်များကို မရွေးချယ်ပါက Book Appointment ကို နှိပ်၍ ရမည်မဟုတ်ပါ။

Step 8. Book Appointment ကို နှိပ်ပြီးသွားပါက Invoice စာမျက်နှာကို ရောက်ရှိသွားမည်ဖြစ်ပါသည်။
Consultation Fee အောက်က Box တွင် Promo Code ရှိပါက (Code) ကို မှန်ကန်စွာ ရိုက်ထည့်ပါ။
ပြီးလျှင် ဘေးက USE ကို မဖြစ်မနေ နှိပ်ပေးရပါမည်။
Step 9. Promo Code မရှိပါက “Confirm Invoice” ကို နှိပ်ပေးပါ။

Step 10. Coupon Code ထည့်ပြီး USE ကို နှိပ်လိုက်ပါက ယခုအတိုင်း Applied ဆိုတာကို တွေ့ရမည်ဖြစ်ပါသည်။ ပြီးလျှင် Success ကိုတွေ့ရပါမည်။ ထို့နောက် “Confirm Invoice” ကို နှိပ်လိုက်ပြီးလျှင် Appointment ရယူခြင်း အောင်မြင်ပြီ ဖြစ်ပါသည်။

Step 11. အားလုံးပြီးသွားပြီဆိုရင်တော့ Appointment မှာ မိမိ Booking / Appointment ယူထားတဲ့အတိုင်း ဆရာဝန်အမည် ၊ နေ့ရက် ၊ အချိန် အကြောင်းအရာတို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဆရာဝန် ချိန်းဆိုထားခြင်းကို လက်ခံပြီးလျှင်တော့ Pending တွင် Accept ပြောင်းသွားမှာ ဖြစ်ပါတယ်။
ဆရာဝန်ဘက်က မိမိချိန်းဆိုထားမှုကို လက်မခံခင် ( Accept ) မလုပ်ခင်မှာ Cancel နှိပ်ပြီး ပယ်ဖျက်နိုင်ပါတယ်။