အဖြူဆင်းခြင်း (Vaginal Discharge)
ရေးသားသူ – ဒေါက်တာ သဇင်ထက်(ဆေး – ၂)
အဖြူဆင်းခြင်းဆိုသည်မှာပုံမှန်အားဖြင့် မိန်းမဂိုလ်လမ်းကြောင်း မှ အညစ်အကြေး ကို သန့်စင်ခြင်း တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ပုံမှန်အားဖြင့် ရာသီမလာခင်အချိန်၊ လိင်ဆက်ဆံချိန်တွေမှာ အဖြူဆင်းတတ်ကြပါတယ်။
ဒါ့အပြင် စိတ်ဖိစီးမှုများခြင်း ၊တားဆေးများသောက်ခြင်း၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်းတို့ကြောင့်လည်း အဖြူဆင်းတတ်ကြပါတယ်။ သို့သော် အဖြူရောင်ပြစ်ပြစ်များဆင်း ခြင်း၊အနဲ့နံခြင်း ၊မိန်းမဂိုလ်ယားယံခြင်းများရှိပါကဘ ပုံမှန်မဟုတ်ဘဲပိုးဝင်ခြင်း ဒါမှမဟုတ် တခြားရောဂါ အခြေအနေ များကြောင့် ဖြစ်နိုင်ပါတယ်။
ပုံမှန် အဖြူဆင်းခြင်း လက္ခာများမှာကတော့-
- ရာသီလာခါနီးဆင်းခြင်း
- ရေကဲ့သို့ အကြည်အရည် သို့မဟုတ် အဖြူရောင် ခပ်ပြစ်ပြစ်များများ ဆင်းခြင်း
- လ်င်ဆက်ဆံချိန် အဖြူဆင်းခြင်း
- ခလေးမွေးပြီးချိန် ပန်းရောင်အရည်ကြည်များဆင်းခြင်း
- ရာသီလာပြီးချိန် အညှိပုပ် များဆင်းခြင်း
- လေ့ကျင့်ခန်း အပြင်းအထန်လုပ်ပြီးချိန် အဖြူဆင်းခြင်း အစရှိသည်တို့မှာ ပုံမှန် လက္ခဏာများ ဖြစ်ပါတယ်။
ပုံမှန်မဟုတ်သော အဖြူဆင်းခြင်း ကို ဖြစ်စေသော အကြောင်းအရာများ
- ပိုးသတ်ဆေး နှင့် စတီးရိုက် ပါသော ဆေးဝါးများ သောက်သုံးခြင်း
- အကြောင်း အမျိုးမျိုးကြောင့် မိန်းမဂိုလ်လမ်းကြောင်း ပိုးဝင်ခြင်း
- လိင်ဆက်ဆံဖော်များသောသူများ (multiple sexual partner)
- တားဆေးများသောက်သုံးခြင်း
- သားအိမ်ခေါင်းကင်ဆာ
- လိင်မှတဆင့် ကူးစက်ရောဂါရှိသူများ
- ဆီးချိုရောဂါ အခံရှိသူများ
- မိန်းမဂိုလ် အတွင်းထိ အမွေးဆပ်ပြာများဖြင့်ဆေးခြင်း
- မီးယပ်သွေးဆုံးပြီးချိန် မိန်းမဂိုလ်လမ်းကြောင်းခြောက်သွေ့ခြင်း
- မိန်းမဂိုလ်ယောင်ယမ်းခြင်း
တို့ကြောင့် ဖြစ်နိုင်ပါတယ်။
ပုံမှန် မဟုတ်သော အရောင်များ ပိုးဝင်ခြင်းကြောင့်ဖြစ်စေ ၊ရောဂါ အခြေအနေတခုခုကြောင့်ဖြစ်စေ ပုံမှန်မဟုတ်သော အရည်များ ဆင်းတတ်ပါတယ် ။ ၄င်းတို့မှာ_
- အဝါရောင် ပြစ်ပြစ်နှစ်နှစ် များဆင်းခြင်း
- အစိမ်းရောင် အရည်များ ဆင်းခြင်း
- အနဲ့ ဆိုးဆိုးဝါးဝါးနံခြင်း
- မိန်းမဂိုလ် ယားယံခြင်း
- ဒိန်ချဉ်ကဲ့သို့ အဖတ်များ ဆင်းခြင်း
- ငါးညှီနဲ့ ကဲ့သို့ နံသော အဖြူရောင် အပြစ် အရည်များဆင်းခြင်း
တို့ဖြစ်ပါတယ်။
ပုံမှန် မဟုတ်ပဲ အဖြူဆင်းခြင်းက်ု ဘယ်လို ကာကွယ်မလဲ။
ပုံမှန် မဟုတ်သော အဖြူဆင်းခြင်းအများစုဟာပိုးကြောင့်ဖြစ်နိုင်သလို မိန်းမဂိုလ် သန့်ရှင်းရေး အားနည်းခြင်းကြောင့်လဲ အဖြစ်များပါတယ်။ဒါ့ကြောင့်ဆရာဝန်နှင့်တိုင်ပင်ပြီး လိုအပ်သော ဆေးများသောက်သုံးသင့်သလို မိန်းမဂိုလ် သန့်ရှင်းရေးကို လည်း အထူး ဂရုပြုသင့်ပါတယ်။
- မိန်းမဂိုလ်ကို အမွှေးနဲ့ပါသော သန့်စင်ရည်များဖြင့် ခဏခဏဆေးခြင်းရှောင်ပါ။
- မိန်းမဂိုလ် အတွင်းထဲထိ ရေချိုးဆပ်ပြာ ဖြင့် ဆေးခြင်းရှောင်ပါ။
- ကျပ်ပြီး ထူထည်းသော အတွင်းခံများဝတ်ခြင်းရှောင်ပါ။
- အိမ်သာသွားပြီးပါက တစ်ရူးဖြင်းသုတ်သောအခါ အရှေ့ အနောက် ထပ်ခါထပ်ခါ သုတ်ခြင်းမျိုးရှောင်ပါ။
- လိင်ဆက်ဆံပြီးသည့်အခါ ရေဖြင့် သေချာဆေးကြောပေးပါ။
Reference: Healthline.com , Webmd.com

Name | ဒေါက်တာ သဇင်ထက်(ဆေး- ၂) |
---|---|
Degrees | M.B.,B.S (ygn) |
Biography | အထွေထွေကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာများကို ဖြေကြားပေးခဲ့တာ ၁ နှစ်ရှိပါပြီ။ ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနတွင် အရေးပေါ်ဆရာဝန်အဖြစ် ၆လ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိ ပါရမီဆေးရုံ ရင်သွေးကျန်းမာရေး Call Center တွင် ကလေးကျန်းမာရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးပေးနေပါတယ်။ |
Topic |
စသည်တို့ကို ရင်းနှီးနွေးထွေးစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ |
Address | Parami General Hospital, Yangon. |